အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက် ည ၇ နာရီခန့်မှာ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဒေါ်တင်မာဌေး ၄၃ နှစ်ရဲ့နေအိမ်ကို လက်နက်ကိုင်ထားသူ ၅ ဦး ရောက်လာပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"နေအိမ်ထဲကို ဝင်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ ဘယ်လိုအကြောင်းကြောင့် လာပစ်တယ်ဆိုတာတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဒေါ်တင်မာဌေးရဲ့ မျက်လုံး၊ ဦးခေါင်းနဲ့ လက်တွေမှာ ကျည်ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့ကာ အလောင်းကိုတော့ ကျေးရွာထုံးစံအတိုင်း နာရေးဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ဘာကြောင့်ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒေါ်တင်မာဌေးဟာ အောင်လံခရိုင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးတဦးလို့သာ သိရပြီး နောက်ကွယ်မှာ စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်၊မလုပ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ဆင်ပေါင်ဝဲ #အောင်လံ #ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10