သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ အောင်လံမြို့ တွင် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဘာမြူဒါတပ်ပေါင်းစု အဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၁၄ ရက် မနက် ၃ နာရီကျော်မှာ စစ်ကောင်စီအင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒေသခံကာကွယ်ရေးတပ်တွေက ပြင်းအားမြှင့် ဗုံး ၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးခွဲခဲ့တဲ့နေရာဟာ ထွေအုပ်ရုံး၊ တရားရုံး၊ ဥပဒေရုံးတွေ ပူးတွဲဖွင့်ထားတဲ့ စုပေါင်းရုံးနေရာဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံး ၂ လုံးကို ထွေအုပ်ရုံးနှင့် တရားရုံးကြားမှာ ထောင်ထားခဲ့တာဖြစ်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရုံးထိခိုက်ပျက်ဆီးမှုက များနိုင်ပါတယ်၊ သေဆုံးမှုကိုတော့ မြေပြင်မှာစုံစမ်းဆဲပါ” လို့ ဘာမြူဒါတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အာခီးလီက ပြောပါတယ်။
ထိုတိုက်ခိုက်မှုကို ဘာမြူဒါတပ်ပေါင်းစုမှ အထူးလေ့ကျင့်ပေးထားတဲ့ မြို့ပြလူကြီးလူကောင်းများအဖွဲ့ TEAM-A ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက် ငါးပြေမ ပြောက်ကျားတပ်၊ ကိုယ်ပျောက်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-အောင်လံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး။ (ပုံဟောင်း)
စာတည်း-လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #အောင်လံမြို့ #စစ်ကောင်စီ #မြို့နယ်ထွေအုပ် #ဗုံး #ဘာမြူဒါတပ်ပေါင်းစု
Share Share Share