အောင်လံမှာ Express ကားနဲ့ သုံးဘီးတိုက်မိလို့ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

အောင်လံမှာ Express ကားနဲ့ သုံးဘီးတိုက်မိလို့ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ အောင်လံမြို့ပေါ်မှာ Express ကားနဲ့ သုံးဘီးတစီးတို့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီကျော်မှာ တိုက်မိခဲ့တာကြောင့် အမျိုးသားတဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်လံမြို့နယ်၊ ရွာထောင်ရက်ကွက်၊ အောင်လံဘူတာလမ်းထိပ်၊ အောင်လံ-ပြည်ကားလမ်းပေါ်မှာ သွားလာနေတဲ့ Express ကားက လမ်းဘေးရပ်ထားတဲ့ သုံးဘီးကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားက ရန်ကုန်ဘက်ကို မောင်းတာပေါ့။ လမ်းမှာ သုံးဘီးတစီးကို ရှောင်ရာကနေ ရပ်ထားတဲ့ သုံးဘီးကိုတိုက်မိလို့ သုံးဘီးမောင်သူက ပွဲချင်းပြီးသေသွားတာ။ သုံးဘီးပေါ်ထိုင်နေတဲ့ နောက်တယောက်ကတော့ ဦးခေါင်းကွဲသွားတယ်” လို့ အောင်လံမြို့ခံတဦးက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ်ရှိကာ ရွာထောင်ရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ဆီးအိမ်ကွဲကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူကို လူမူကူညီရေးအသင်းတွေက ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သလို  ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုလည်း အောင်လံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအနီးက ညောင်ပင်ဆိပ်ကား လမ်းမှာ အုတ်သည်တဲ့ဖောကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်ပါတဲ့ အမျိုးသား ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#မကွေးတိုင်း #အောင်လံမြို့ #Express ကား #သုံးဘီး #ယာဉ်တိုက်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10