အောင်လံမှာ ရေတက်လို့ကျောင်းတွေပိတ်ထားပေမယ့် ဆရာ၊ဆရာမနဲ့ဝန်ထမ်းတွေ ရေဂျူတီစောင့်နေရ

အောင်လံမှာ ရေတက်လို့ကျောင်းတွေပိတ်ထားပေမယ့် ဆရာ၊ဆရာမနဲ့ဝန်ထမ်းတွေ ရေဂျူတီစောင့်နေရ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ဧရာဝတီမြစ်ရေတက်လို့ ကျောင်းတွေပိတ်ထားပေမယ့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေက ရေဂျူတီစောင့်နေရတယ်လို့ ကျောင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။ 

ဇူလိုင် ၁၅ ရက်လောက်ကတည်းက ဧရာဝတီမြစ်ရေတက်လာတာကြောင့် မွေရိုးကျေးရွာ အထက (ခွဲ) ကျောင်း၊ အောင်လံမြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကန်ကြီး (၁) မူလတန်းကျောင်း၊ မြောက်ပိုင်း မူလတန်းကျောင်းတွေကို ရေဝင်ရောက်လာတဲ့အတွက် ကျောင်းတွေကို ယာယီပိတ်ထားခဲ့ပေမယ့် ဆရာ၊ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေကို နေ့တိုင်းကျောင်းခေါ်ပြီး ရေဂျူတီစောင့်ခိုင်းနေတာလို့ ဆိုပါတယ်။ 

“ဆရာ၊ဆရာမတွေအိမ်တွေပါ ရေဝင်နေတာလေ။ အိပ်ဖို့နေဖို့ခက် ပစ္စည်းပြောင်းရွှေ့ဖို့ အကူအညီ မရ။ စားသောက်ချက်ပြုတ်ဖို့လည်း အဆင်မပြေဖြစ်နေကြတာ။ အိမ်တွေရေမြုပ်နေလည်း ကိုယ့်အိမ် ကိုယ့်ပစ္စည်းကို မသယ်နိုင်ဘူး။ တာဝန်ကျရေဝင်ကျောင်းတွေကို ရေဂျူတီသွားစောင့်ရပါတယ်” လို့ ကျောင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

ရေဂျူတီစောင့်ဖို့ကို ခရိုင်ပညာရေးမှူးက တာဝန်ချစေခိုင်းတာဖြစ်ပြီး ဆရာ၊ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေဟာ ရေအပြည့်ဝင်နေလို့ ပိတ်ထားတဲ့ကျောင်းတွေကိုသွားပြီး ကျောင်းဝင်းထဲမှာ ရေဘယ်လောက်တက်လာတယ်ဆိုတာကို ၄ နာရီတခါ မြို့နယ်ပညာရေးမှူးဆီ သတင်းပို့ပေးရတာ လို့ ဆိုပါတယ်။ 

ဝန်ထမ်းဆိုတာ နိုင်ငံတော်ကပိုင်တာကြောင့် တာဝန်ပေးရင် ဘယ်အခြေအနေမျိုးမဆို ထမ်းဆောင်ရမှာ ဖြစ်ပြီး ငြင်းဆန်လို့မရဆိုကာ ရေဂျူတီကို ကျေနပ်စွာတာဝန်ထမ်းဆောင်ကြောင်း ကျောင်းအုပ်တွေနဲ့ ခရိုင်ပညာရေးမှူးတွေက လက်မှတ်ရေးထိုးခိုင်းတယ်လို့လည်း သိရပါတယ်။ 

ရေဂျူတီစောင့်တဲ့အခါ တာဝန်ကျသူတွေအတွက် နေထိုင်စားသောက်ဖို့ စီစဉ်ပေးတာမရှိဘဲ ဖြစ်သလို ရေကူးဖြတ်သွားရကာ ကျောင်းဝန်းထဲက ရေအနက်ဆုံးနေရာကို ၄ နာရီတခါသွာပြီး ရေတက်နှုန်း စင်တီမီတာ တိုင်းတာကာ ခရိုင်ထွေအုပ်ရုံး၊ ပညာရေးမှူးရုံးတွေကို သတင်းပို့ရတဲ့အပြင် အချိန်မီမပို့နိုင်ရင် ခရိုင်ပညာရေးမှူး ဦးဌေးလွင်ဆိုသူက ဆူပူမာန်မဲတာတွေ လုပ်ဆောင်တယ်လို့လည်း အထက်ပါ ကျောင်းနဲ့နီးစပ်သူက ပြောပါတယ်။ 

အောင်လံမြို့နယ်အတွင်း မြစ်ရေတက်မှုဟာ အရင်နှစ်တွေကထက် ၄ ဆခန့် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်ဒီနေ့အထိ ပြန်လည်ကျဆင်းတာမရှိသေးဘဲ အောင်လံမြို့မြစ်ကမ်းနားနဲ့ အနိမ့်ပိုင်းနေရာတွေက ရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်း ရေနစ်မြုပ်နေတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #ရေတက် #ကျောင်းပိတ် #ပညာရေးဝန်ထမ်း #ရေဂျူတီစောင့်ခိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10