ဦးခေါင်းနှစ်လုံးနဲ့ မွေးလာတဲ့ ကလေး အကူအညီလိုအပ်နေ၊ ဦးခေါင်းကို မခွဲစိတ်ဘဲ မူလအတိုင်းထားမည်ဟုဆို

ဦးခေါင်းနှစ်လုံးနဲ့ မွေးလာတဲ့ ကလေး အကူအညီလိုအပ်နေ၊ ဦးခေါင်းကို မခွဲစိတ်ဘဲ မူလအတိုင်းထားမည်ဟုဆို

မန္တလေးပြည်သူ့ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့မွေးဖွားလာတဲ့ ကလေးငယ် အကူအညီလိုအပ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မတ် ၇ ရက်မှာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တမာပင်ကျေးရွာနေ ဒေါ်တင်မာကနေ မွေးဖွားခဲ့တဲ့ ကလေးငယ်မှာ ဦးခေါင်းနှစ်လုံးပါလာခဲ့တာလို့ဆိုပါတယ်။

"ကလေးက ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခန္ဓာကိုယ်တခုပဲ။ ဦးခေါင်းက နှစ်လုံးဖြစ်နေတာ။ ကလေးက မိန်းကလေး။ ကျန်းမာရေးတော့ကောင်းတယ်။ မိခင်ဗိုက်ကို ခွဲမွေးထားရတယ်။ ကလေးမိဘတွေက ချို့တဲ့တော့ အကူအညီတော့ လိုအပ်တာရှိတယ်" လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်ပေမယ့် ဆေးရုံမှာ ဆက်လက်နေထိုင်ပြီး စောင့်ကြည့်ရမယ့် အခြေနေမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကလေးငယ်မှာ ဦးခေါင်းနှစ်လုံးပါလာပေမယ့် ခွဲစိတ်ဖယ်ရှားဖို့ ပြုလုပ်သွားမှာ မဟုတ်ဘဲ လက်ရှိမွေးဖွားလာတဲ့ အတိုင်းသာ ဆက်လက်ပြုစုစောင့်ရှောက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေအဆိုအရ ကလေးငယ်မှာ အပိုပါလာတဲ့ ဦးခေါင်းတလုံးကို ခွဲစိတ်ဖယ်ရှားဖို့ လုပ်ရန် မလိုဘဲ သာမန်အတိုင်းနေထိုင်သွားလို့ရတယ်လို့ ဆိုပါတယ်။

ကလေးမိဘတွေဟာ သာမန်လက်လုပ်လက်စား မိသားစုဝင်တွေဖြစ်လို့ ကလေးငယ်အတွက် လိုအပ်တဲ့ ဖြည့်စွက်စာ၊ ဆေးဝါးတွေ ဝယ်ယူဖို့ အကူအညီလိုအပ်နေပြီး ဆေးရုံနဲ့ ပရဟိတတွေဘက်ကတော့ တတ်နိုင်သလောက်ကူညီတာတွေရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ပြည်သူ့ဆေးရုံ #ဦးခေါင်းနှစ်လုံး #မွေးဖွား #အကူအညီ #မကွေးတိုင်း #မြို့သစ်မြို့ #တမာပင်ကျေးရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10