ဦးဇင်းတပါးကို ကယ်ထုတ်ရင်း အသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့ နောက်ဆုံးဈာပန (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တလိုင်းရွာ၊ ကန်ဦးဘုန်းကြီးကျောင်းထဲက ဦးဇင်းတပါးကို ကယ်ထုတ်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီး အသတ်ခံလိုက်ရတဲ့ ရဲဘော်တဦးရဲ့ ဈာပနကို ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဩဂုတ် ၁၀ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ တလိုင်းရွာကို စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်ရာ တလိုင်းရွာ ကန်ဦးဘုန်းကြီးကျောင်းဝန်းကျင်တဝိုက်နားကို ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့သလို ကျောင်းဝန်းထဲမှာရှိတဲ့ ပြည်သူ ၉ ဦးလောက်လည်း ထိခိုက်ဒဏ်ရာရခဲ့လို့  Doung Ni Defence Force - Wetlet ဆီက သိရပါတယ်။

အဲ့ဒီနေ့က လက်နက်ကြီးပေါက်ကွဲလို့ ကျည်ဆထိမှန်ပြီး လမ်းမလျှောက်နိုင်တော့ဘဲ ဘုန်းကြီးကျောင်းထဲမှာ ကျန်နေခဲ့တဲ့ ဦးဇင်းတပါးကို Doung Ni Defence Force -Wetlet ရဲဘော်က သွားရောက်ကယ်ထုတ်နေချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသတ်ခံလိုက်ရတာလို့ Doung Ni Defence Force - Wetlet တာဝန်ခံ ဗိုလ်လက်ျာက ပြောပါတယ်။

"ထက်ကြီးရွာအရောက်မှာ သတ်ပြီးတော့ မြောင်းထဲကို ပစ်ချထားခဲ့တယ်၊ ကျနော်တို့ ရဲဘော်ရဲ့အလောင်းကိုတော့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ပြန်ပြီးတော့ သယ်ထုတ်လာနိုင်ခဲ့တယ်"လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ဟာ ရဲဘော်ကိုထူး အသက်ကတော့ ၂၂ နှစ်ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် သူရဲ့ ကြွင်းကျန် ရုပ်ကလပ်ကို ဩဂုတ် ၁၂ ရက်နေ့ ညနေမှာပဲ ဝက်လက်မြို့နယ်အတွင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကာ ရက်လည်ကျမှ ရဲဘော်အတွက် အာဇာနည်ဗိမာန်အုတ်ဂူ လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #တလိုင်းရွာ #ကန်ဦးဘုန်းကြီးကျောင်း #လေကြောင်းပစ်ခံရ #PDFတဦးကျဆုံး #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10