ဦးပိန်တံတား ကျိုးကျလို့ လူ ၂၃ ဦးဒဏ်ရာရ

ဦးပိန်တံတား ကျိုးကျလို့ လူ ၂၃ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ ဦးပိန်တံတား ကျိုးကျတဲ့အတွက် လူ ၂၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် ဒီနေ့လယ် ၂ နာရီကျော်က တံတားအမှတ် ၃၃၈ နဲ့ ၃၃၉ နေရာကနေ ကျိုးကျခဲ့တာလို့ ဆိုပါတယ်။

"ဒီနေ့က လပြည့်နေ့ဆိုတော့ လာရောက်လည်ပတ်သူတွေက များတော့ လူဝိတ်ကို မခံနိုင်ဘဲ ကျိုးကျသွားတယ်။ ကျတဲ့ အချိန်က လူ ၅၀ လောက်ရှိမယ်"လို့ အမရပူရ ဒေသခံတဦးက ပြောပါတယ်။

တံတားကျိုးကျပြီး လူတွေအောက်ပြုတ်ကျချိန် တံတားအောက်မှာ ရေက ၂ ပေကျော်ရှိနေတာကြောင့် ပြုတ်ကျသူတွေ သက်သာသွားတာလို့ ဆိုပါတယ်။

တံတားကျိုးကျလို့ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၃ ဦး ပွန်းပဲ့ထိခိုက်ဒဏ်ရာရသွားကြပြီး ဆေးရုံတင်ရတဲ့လူနာ မရှိဘူးလို့ သိရပါတယ်။

ဦးပိန်တံတားဟာ နှစ်ရာကျော်သက်တမ်းရှိ သစ်သားတံတားတခုဖြစ်ပြီး တံတားကျိုးကျလို့ လူထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဥ်ဟာ ဒီတကြိမ်က ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ဦးပိန်တံတား #ကျိုးကျ #လူထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10