သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့၊ ကမ်းနားလမ်း ဆိပ်ကမ်းဗောတံတားအနီး ဧရာဝတီမြစ်အတွင်းမှာ ကျောင်းသား ၃ ဦးရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီခန့်မှာ ဆံတော်ရပ်ကွက်နေသူတွေဖြစ်တဲ့ ကန်ဘောင်ရိပ်သာ အလက ၁ ကျောင်းက ၉ တန်းကျောင်းသား မောင်ထက်လွင်အောင် ၁၆ နှစ်၊ ၇ တန်းကျောင်းသား မောင်ကျော်ဇင်ထက် ၁၄ နှစ်၊ အမက ဆံတော်ကျောင်းက ၄ တန်းကျောင်းသား မောင်သက်ဝေ (ခ) ဖိုးသား ၁၁ နှစ်တို့ ၃ ဦးမှာ မြစ်အတွင်း ရေဆင်းကူးရာမှ မောင်ထက်လွင်အောင်နဲ့မောင်ကျော်ဇင်ထက်တို့ ၂ ဦး ရေနစ်ခဲ့တယ်လို့ ဆိုပါတယ်။
"အတူရေကူးနေရာကနေ ၁၁ နှစ်ကလေးက ကျန်ခဲ့ပြီးတော့ ၁၄ နှစ်နဲ့ ၁၆ နှစ်က မြုပ်သွားတာ။ သူက အကူအညီတောင်းလို့ ပတ်ဝန်းကျင်ကသိပြီး ရှာဖွေကြတာ။ နေ့ချင်းဘဲ သေဆုံးလျက် ၂ ယောက်ကိုပြန်တွေ့ပါတယ်"လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတဦးကပြောပါတယ်။
ကလေး ၂ ဦးရေနစ်တဲ့နေရာကို ပြည်မြို့ရှိလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်အဖွဲ့ဝင်တွေက ကူညီရှာဖွေပေးခဲ့ကြပြီး ၁ နာရီကျော်ခန့်အကြာမှာ ရေနစ်တဲ့နေရာနဲ့ ပေ ၄၀၀ ခန့်အကွာ မြစ်အတွင်းမှာ မောင်ထက်လွင်အောင်ရဲ့ အလောင်းကို အရင်ဆုံးရှာဖွေတွေ့ရှိခဲ့ကာ နောက်ထပ် ၁ နာရီခန့်အကြာ နောက်ထပ်ပေ ၅၀ ခန့်အကွာမှာ မောင်ကျော်ဇင်ထက်ရဲ့ အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။
သေဆုံးကလေးငယ်တွေရဲ့အလောင်းတွေကို ပြည်မြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ သက်ဆိုင်ရာမိသားစုနေအိမ်တွေကိုပြန်သယ်ပြီး နာရေးပြုလုပ်နေကြပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ပြည်မြို့၊ ကမ်းနားလမ်း၊ ပန်းခြံအနီးမှာ ဧရာဝတီမြစ်အတွင်း အမျိုးသမီးငယ် ၁ ဦးခုန်ချရာမှ ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - နှလုံးသားမေတ္တာရှင်လူငယ်များအသင်း။
စာတည်း - ကိုချမ်း
# မြေလတ်အသံ
#ပဲခူးတိုင်း #ပြည် #ကမ်းနားလမ်း #ဗောတံတား#ကျောင်းသား #ရေနစ် #သေဆုံး
Share Share Share