၁ နှစ်တာတိုက်ပွဲ ၄,၀၀၀ ကျော်အတွင်း စစ်သား ၅,၀၀၀ ကျော်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

၁ နှစ်တာတိုက်ပွဲ ၄,၀၀၀ ကျော်အတွင်း စစ်သား ၅,၀၀၀ ကျော်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၃ အတွင်း တိုက်ပွဲပေါင်း ၄,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅,၀၀၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်၊ ကရင်ပြည်နယ်တွေအတွင်းကို ဝင်ရောက်ကျူးကျော်တပ်စွဲလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်- KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား စခန်းသိမ်း၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ ဒရုန်းစစ်ဆင်ရေး စတဲ့တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က အရာရှိ၊ အရာခံအပါအဝင် တပ်သားစုစုပေါင်း ၅,၀၀၅ ဦး သေဆုံးပြီး ၃,၃၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ၊ KNDOတို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်း တပ်ဖွဲ့ဝင် ၁၅၄ ဦးသေဆုံးပြီး ၆၀၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းမှာ ၂၀၂၁ မှ ၂၀၂၃ အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၇ သိန်း ၅ သောင်းကျော်အထိ ရှိလာတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - မုန်းမြို့သိမ်းတိုက်ပွဲအတွင်း ခမရ ၅၉၈ တပ်ရင်းမှ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#KNU #အုပ်ချုပ်မှုနယ်မြေ #တိုက်ပွဲဖြစ်ပွား #၄၆၀၀ကျော် #နှစ်ဖက်သေဆုံးမှု #ထုတ်ပြန်ချက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10