၁၀၂၇ စစ်ဆင်ရေးထောက်ခံတဲ့အနေနဲ့ MNDAA ရုပ်သံဇာတ်လမ်းကို ရွာတွေမှာပြသနေ (ရုပ်/သံ)

ရှမ်းမြောက်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ MNDAA အကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းကို စစ်ကိုင်းတိုင်းထဲက ရွာတွေမှာပြသနေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရွာတွေမှာ လူထုအခြေပြု နိုင်ငံရေးလှုံဆော်တဲ့အနေနဲ့ရွေ့လျားရုပ်ရှင်ရုံတွေကို နိုဝင်ဘာလမှာ စတင်ခင်းကျင်းပြသနေတာဖြစ်ပြီး ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ 

အဲ့ဒီလိုပြသတဲ့နေရာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) အကြောင်းကို တပ်ဖွဲ့ဝင်ရဲဘော်တွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ "နိက္ကမ" ရုပ်ရှင် ဇာတ်လမ်းကို ပါထည့်သွင်းပြသခဲ့တာလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဦးဆောင်အဖွဲ့ဝင် ကိုစနေ ကပြောပါတယ်။ 

နိက္ကမဇာတ်လမ်းအပြင် အခြားတော်လှန်ရေး ရုပ်ရှင်မှတ်တမ်းတွေကိုလည်းပြသခဲ့သလို နိုင်ငံရေးဟောပြောတာ ဆန္ဒဖော်ထုတ်တာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့နယ်တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ အခြား ပူးပေါင်းအဖွဲ့တွေကလည်း ပါဝင်တိုက်ခိုက်နေကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင် #MNDAA #BPLA #ရှမ်းပြည်မြောက်ပိုင်း #၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်သုံးဖွဲ့ #စစ်ကောင်စီ #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10