၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီဘက်ကနေ သုံ့ပန်းနဲ့ဘက်ပြောင်းခိုလှုံလာသူ ၅၀၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီဘက်ကနေ သုံ့ပန်းနဲ့ဘက်ပြောင်းခိုလှုံလာသူ ၅၀၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံတာ အလင်းဝင်တာနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲသား ၅၀၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မြေလတ်အသံကို ပြောပါတယ်။

ဒီစာရင်းဟာမြန်မာတနိုင်ငံလုံး အတိုင်းအတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလလယ်အထိ ပြုစုရရှိထားတဲ့ စာရင်းဖြစ်တယ်လို့ သိရပါတယ်။

"အခုဆို တလကျော်ပြီး အဲကာလမှာ သုံးမျိုး ဖြစ်တယ်။ ပြည်သူရင်ခွင်ခိုလှုံတာရှိတယ် အလင်းဝင်တာရှိတယ် တချို့တွေဆို စစ်သုံပန်းအဖြစ်အဖမ်းခံရတာရှိတယ်။ အားလုံးပေါင်း ၅၀၀ ကျော်ရှိတယ်။ အခြေအနေအရ မတူတာကို အဓိကဟိုက်လိုက်လုပ်ပြောချင်တယ်။" လို့ ဦးနေဘုန်းလတ်က မြေလတ်အသံကို ပြောပါတယ်။

စစ်ဘက်နဲ့ ရဲဘက်ကို သတ်မှတ်ချက် ၃ မျိုး နဲ့ လက်ခံဆောင်ရွက်တာဖြစ်ပြီး ကြိုတင်ချိတ်ဆက် ပြည်သူ့ရင်ခွင်ခိုလှုံသူများအတွက် အခွင့်ရေးများစွာရှိနိုင်သလို ရှေ့တန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ လာဝိုင်းချိန် ကျည်တချက်မှမဖောက်ဘဲ အလံဖြူပြ အလင်းဝင်သူတွေကလည်း အထိုက်အလျှောက် အခွင့်အရေးရမယ်လို့ ပြောပါတယ်။

နောက်ဆုံးသတ်မှတ်ချက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို ခံတိုက်ပြီး မနိုင်တော့တဲ့အချိန် လက်နက်ချတာမျိုးကို သုံ့ပန်းအဖြစ်သတ်မှတ်ဆောင်ရွက်တယ်လို့ သိရပါတယ်။

"စစ်သုံပန်းအနေနဲ့ကတော့ ဘယ်လိုလူမျိုးကိုမဆို လူ့ဂဏ်သိက္ခာနဲ့ အညီဆက်ဆံမှာဖြစ်ပေမယ့်လည်း သုံးမျိုးသုံးစားမှာတော့ ရရှိနိုင်တဲ့အခွင့်အရေးတွေ မတူဘူးဆိုတာ ပြောချင်တယ်" လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ ၁၄၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

အောက်တိုဘာလမှ စတင်ကာ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းတိုင်းအချို့၊ နဲ့ မကွေးတိုင်းအချို့မှာ ရှေ့တန်းစခန်းတွေနဲ့ အခြေစိုက်စခန်းတွေ သိမ်းပိုက်ခံရတာ၊ မြို့သိမ်းခံရတာတွေကို စစ်ကောင်စီရင်ဆိုင်နေရပြီး သုံ့ပန်းအများအပြား ဖမ်းဆီးခံရတွေလည်း ရှိနေပါတယ်။

ပုံစာ - နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများ။

#မြေလတ်အသံ 

#NUG #နေဘုန်းလတ် #စစ်ကောင်စီ #စစ်သုံ့ပန်း #အလင်းဝင် #ပြည်သူ့ရင်ခွင့် #စစ်ဘက် #ရဲဘက် #၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်သုံးဖော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10