၁၀၂၇ စစ်ဆင်ရေး ၁ လအကြာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းနဲ့ မကွေးက မြို့ ၂ မြို့နဲ့ စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေး ၁ လအကြာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းနဲ့ မကွေးက မြို့ ၂ မြို့နဲ့ စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁ လအကြာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့နဲ့ ခမ်းပတ်မြို့ ၂ မြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၆ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

မကွေးတိုင်းအတွင်းမှာတော့ ဂန့်ဂေါခရိုင်က စစ်ကောင်စီရဲစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ 

တခြားသော မြို့တွေကို ဆက်လက်သိမ်းယူနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီး စစ်ကောင်စီတပ်က ခံစစ်အနေအထားနဲ့သာ ခုခံတိုက်ခိုက်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသ ၁ ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် ၁၄ က ဒုတပ်ရင်းမှူး ရဲဘော်ကိုထွေးကပြောပါတယ်။ 

#မြေလတ်အသံ

#၁၀၂၇စစ်ဆင်ရေး #တော်လှန်ရေး #စစ်ကိုင်း #မကွေး #မြို့သိမ်းတိုက်ပွဲ #စခန်းသိမ်းတိုက်ပွဲ #သိမ်းပိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10