၁၀၂၇ စစ်ဆေးရေးက ပထမဆုံးပြန်လာခဲ့တဲ့ PLA ရဲဘော်တွေ (Reels)

၁၀၂၇ စစ်ဆင်ရေး ပထပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲနဲ့ ပထမဆုံးအကြိမ်ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်တွေကို အညာဒေသတနေရာမှာ ပြည်သူလူထုက တခဲနက်ကြိုဆိုခဲ့ကြတယ်လို့ PLA က မှတ်တမ်းဓါတ်ပုံတွေကို အောက်တိုဘာ ၂၁ ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

သန္ဒီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး အောက်တိုဘာ ဒုတိယအပတ်ထဲမှာ ပြန်လာခဲ့ကြတဲ့ PLA ရဲဘော်တွေကို အညာဒေသတနေရာမှာ ပြည်သူတွေက တခဲနက်ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။

"တချို့တ၀က်ပဲ ပြန်လာကြတာပါ။ အကုန်တော့ မဟုတ်ပါဘူး။ ၁၀၂၇ ဒုတိယပိုင်းမှာလည်း PLA အနေနဲ့ ဆက်လက်ပါ၀င်နေဆဲ ဖြစ်ပါတယ်။" လို့ PLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

PLA အဖွဲ့ဟာ စစ်ဒေသတွေသတ်မှတ်ပြီး မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အခုပြန်လာတဲ့ ရဲဘော်တွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူအချို့ပါ။

တည်းဖြတ် - HP

#မြေလတ်အသံ

#၁၀၂၇စစ်ဆင်ရေး #PLA #reels #youtubeshorts  

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10