" ၁၀၂၇ လှိုင်းများ အောင်ရမည်” လူထုလှုပ်ရှားမှု ကနီမှာ ပြုလုပ်

" ၁၀၂၇ လှိုင်းများ အောင်ရမည်” လူထုလှုပ်ရှားမှု ကနီမှာ ပြုလုပ်

ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဒေသခံတွေစုပေါင်းပြီး "၁၀၂၇ လှိုင်းများ အောင်ရမည် ” ဆိုတဲ့ လူထုလှုပ်ရှားမှု တခုကို နိုဝင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ 

ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ဦးဆောင်ပြီး ဒေသခံပြညည်သူတွေက ကနီ-မုံရွာလမ်းပေါ်မှာ "၁၀၂၇ လှိုင်းများ အောင်ရမည်” ဆိုတဲ့ စာတမ်းရေးဆွဲပြီး ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

“၁၀၂၇ စစ်ဆင်ရေးလှိုင်းဟာ ကျနော်တို့ အညာလူထု သွေးအေးနေတာကို နိုးကြားတတ်ကြွလာဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတယ်။ ဒီစိတ်ဓာတ်ခွန်အားတွေနဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်မဲ့တော်လှန်ရေး အတူတကွ သွားမယ်ဆိုရင် အခုတော်လှန်ရေးက မကြာတော့ပါဘူး” လို့  ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒါကြောင့် အခုလို အချိန်ကောင်း၊ အခါကောင်းမှာ ရဲရဲချီတက်၊ ရဲရဲရုန်းကန်ကြဖို့ အသင့်လျှော်ဆုံးဖြစ်ပြီး “အခွင့်အရေးဟာ ၂ ခါမရဘူး” လို့ သူက ဆက်ပြောပါတယ်။ 

စိတ်ဓာတ်ပျက်ယွင်းနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ကို အညာပြည်သူတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းကပေးတဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ အနိုင်ယူကြမယ်လို့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။  

#မြေလတ်အသံ

#ညီနောင်မဟာမိတ်သုံးဖွဲ့ #၁၀၂၇စစ်ဆင်ရေး #စစ်ကိုင်းတိုင်း #ကနီမြို့နယ် #လှိုင်းများ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10