၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်ဆိုကာ ၁၄ နှစ်အရွယ် လူငယ်တဦး ဖမ်းဆီးခံရ

၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်ဆိုကာ ၁၄ နှစ်အရွယ် လူငယ်တဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျောက်ညှပ်သဲစုကျေးရွာမှာ ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်လို့ဆိုကာ ၁၄ နှစ်အရွယ် လူငယ် ၁ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ကျောက်ညှပ်စုကျေးရွာနေ အသက် ၁၄နှစ်အရွယ် မောင်စိုင်းဝဏ္ဏကို ဖြစ်ပြီး တရွာတည်းနေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီတတိယပတ်အတွင်းမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။

"ခုအဖမ်းခံရတဲ့ကောင်လေးရဲ့အဖေနဲ့ သေဆုံးသူကောင်မလေးရဲ မိသားစုတွေက ရန်ဖြစ်ထားဖူးပြီး အဲ့တုန်းက ကောင်လေးနဲ့သူ့အဖေ ၂ ယောက်စလုံး ရိုက်နှက်ခံရဖူးတယ်လို့ သိရတယ်။ အဲ့ဒီကိစ္စကို ကောင်လေးက မကျေနပ်လို့လုပ်တယ်လို့ပဲ ပြန်ကြားသိရတယ်။ အသေးစိတ်ကတော့ ရဲတွေကပဲ သိနိုင်မယ် "လို့ ဒေသခံတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ ကျောက်ညှပ်စုကျေးရွာနေ  အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူ မယုယုသွယ်ဟာ စာသင်ကျောင်းမှပြန်လာပြီးနောက် ဆော့ကစားမယ်ဆိုကာ နေအိမ်ကနေထွက်ခွာသွားရာက ညနေစောင်းတဲ့အထိပြန်မလာလို့ မိသားစုတွေက လိုက်လံရှာဖွေကြစဉ် ရွာမြောက်ဘက် ရေကန်နံဘေး ဇီးပင်အောက်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့သေဆုံးလျက် ပြန်တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

မယုယုသွယ်သေဆုံးတာနဲ့ပတ်သက်ပြီး မောင်စိုင်းဝဏ္ဏက ကျူးလွန်တယ်လို့ဆိုကာ ပန်းတောင်းမြို့မရဲ စခန်းက ဖမ်းဆီးပြီး လူသတ်မှုနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြည် #ပန်းတောင်း #လူငယ်တဦး #ဖမ်းဆီးခံရ #မိန်းကလေးငယ် #အသတ်ခံရမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10