၁၁၁၁ လူထုလှုပ်ရှားမှုဟာ ၁၀၂၇ စစ်ဆင်ရေးကိုအားပေးထောက်ခံတဲ့ ဟန်ချက်ညီလုပ်ဆောင်မှုဖြစ်လို့ ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်ပြော

၁၁၁၁ လူထုလှုပ်ရှားမှုဟာ ၁၀၂၇ စစ်ဆင်ရေးကိုအားပေးထောက်ခံတဲ့ ဟန်ချက်ညီလုပ်ဆောင်မှုဖြစ်လို့ ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်ပြော

၁၁၁၁ လူထုလှုပ်ရှားမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးကို အားပေးထောက်ခံတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ညီ‌နောင်မဟာမိတ်အဖွဲ့က နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံတွင်းနိုင်ငံရေးလှုပ်ရှားသူတွေသာမက ပြည်ပရှိ တက်ကြွလှုပ်ရှားသူတွေပါ ၁၁၁၁ သပိတ်ကို ပါ၀င်ဆင်နွှဲနေကြတာဖြစ်ပြီး အဲ့ဒီတော်လှန်ရေးဆင်နွှဲမှုအပေါ် ညီနောင်မဟာမိတ်အဖွဲ့က ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

၁၁၁၁ လှုပ်ရှားမှုက ၁၀၂၇ စစ်ရေးနဲ့အတူ ဟန်ချက်ညီလှုပ်ရှားမှုတခုဖြစ်လို့ သွေးလန့်နေတဲ့ စစ်ကောင်စီရဲ့ သက်ဆိုး‌ရှည်နေခြင်းကို အဆုံးသတ်ဖို့‌ဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေထဲက ထိရောက်တဲ့ လှုပ်ရှားမှုတခုဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

အခု ၁၁၁၁ လှုပ်ရှားမှုက ပြည်သူလူထု စည်းလုံးညီညွတ်မှုပြယုဂ်တခုဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ အားကြိုးမာန်တက် မရပ်မနား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အလားတူ ၁၁၁၁ လှုပ်ရှားမှုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအဖြစ် လွိုင်ကော်၊ ဒီမော့ဆို၊ နမ့်မယ်ခုံ၊ နန်း ဆန်ခမ်းတို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို မဟာမိတ်အဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - နိုဝင်ဘာ ၁၁ ရက် ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း ရဲဘော်များမှ မြောက်ပိုင်းမဟာမိတ်ညီနောင်များ၏ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေကို ၁၁၁၁ အောင်သပြေသပိတ်ဖြင့် ကြိုဆိုနေပုံ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#၁၁၁၁ #လူထုသပိတ် #လှုပ်ရှားမှု #ကျေးဇူးတင်ကြောင်း #ညီနောင်မဟာမိတ် #၁၀၂၇ #စစ်ဆင်ရေး # ဟန်ချက်ညီ #လုပ်ဆောင်မှု #စစ်အာဏာရှင် #ကျဆုံးရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10