သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာမှာ အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ တောင်ငူ အထက ၂ ကျောင်းမှာတက်နေတဲ့ အသက် ၁၇ နှစ်အရွယ် ဇော်ကိုထက်ဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီကျော်လောက်က နေအိမ်မှာ ကြိုးဆွဲချသေဆုံးနေတာလို့ ဆိုပါတယ်။
"သူ့အမေက အပြင်ကပြန်လာတဲ့အချိန် သူ့သားအလောင်းကိုဖက်ပြီးအော်ငိုနေတာ။ ဖြစ်တဲ့အချိန်မှာ အမေကလည်း ကန်စွန်းရွက်ခူး သွားနေတာ။ အဖေကလည်း နွားဆွဲသွားနေတာ။ အိမ်မှာ သူတယောက်တည်း ရှိတာ။ သူအမေပြန်လာတော့ ကလေးကိုခေါ်ကြည့်တော့ ဘယ်သွားနေလဲဆိုပြီး ခေါ်ကြည့်တာ။ အိမ်ထဲဝင်ကြည့်မှ အဲလိုတွေ့တာ"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါလူငယ် ကြိုးဆွဲချသေဆုံးတာနဲ့ပတ်သက်ပြီး အကြောင်းအရင်ကိုတော့မသိရသေးဘဲ ဒေသခံတွေကတော့ စာမလိုက်နိုင်တာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။
သေဆုံလူငယ်မှာ အဖေ၊ အမေနဲ့ အမ ၁ ယောက်ရှိပြီး မိသားစုကလည်း စီးပွားရေးအသင့်တင့်ပြေလည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အလောင်းကိုတော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ ဒေသလူမှုကူညီရေးအဖွဲတွေက တောင်ငူဆေးရုံကို ပို့ခဲ့ပြီးနောက် အောင်တိုဘာ ၂၉ ရက် မနက်မှာတော့ အလောင်းကို နေအိမ်ပြန်သယ်ပြီး နာရေးဆက်လုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကလည်း ကေတုမတီမြို့သစ်မှာနေထိုင်တဲ့ တောင်ငူကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ စစ်တောင်းတံတားပေါ်ကနေ စစ်တောင်းမြစ်အတွင်းကိုခုန်ချပြီး သေဆုံးတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#တောင်ငူ #လူငယ် #ကြိုးဆွဲချ #သေဆုံး
Share Share Share