၂ ရက်ကြာ ရွာရှည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ ဦးသေပြီး ပြည်သူ ၇ ဦး မီးရှို့အသတ်ခံလိုက်ရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၆၀ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရပြီး စစ်အုပ်စုဘက်က  ပြည်သူ ၇ ဦးကိုမီးရှို့သတ်သွားတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ထံက သိရပါတယ်။

ရွာရှည်ကျေးရွာကို အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မေ ၁၃ ရက် မနက် ၁၀ နာရီမှာတကြိမ် ၁၄ ရက် မနက် ၆ နာရီခွဲမှာ တကြိမ် ၂ ရက်ဆက်တိုက်ခုခံတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ ဦးသေဆုံးပြီး ၈၀ ဦးဒဏ်ရာရခဲ့သလို ကာကွယ်ရေးရဲဘော်တွေဘက်က ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊ Royal Eagle People Defence၊ Myingyan Danger Dynamit၊Drone Fighter Kani - D. F. K၊Anyar Federal Task Force၊ 27 reVolution Force၊ BGF နှင့် အခြားညီနောင်မဟာမိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ  ရွာရှည်ရွာကိုဝင်ရောက်ချိန်မှာ Drone တွေနဲ့ ဗုံးသီးချတိုက်ခိုက်ကာ လက်နက်ကြီးတွေနဲ့အဆက်မပြတ် တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရွာရှည်ရွာ တရွာလုံးကိုမီးရှို့ခဲ့ပြီး ရွာထဲကမပြေးနိုင်တဲ့ မသန်စွမ်း ၁ ဦး၊ အမျိုးသား ၃ ဦးနဲ့ အဖွားအို ၃ ဦးတို့ကိုပါ မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ရွာရှည်ရွာက စစ်ဘေးတိမ်းရှောင်ရသူထောင်ဂဏန်းခန့်ရှိပြီး နီးစပ်ရွာကျေးရွာတွေမှာဝင်ရောက်နေထိုင်နေရတယ်လို့လည်းသိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #ရွာရှည်ရွာ #တိုက်ပွဲ #စစ်ပွဲ #စစ်တပ် #ဒေသခံ #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10