၂ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားများ ခြေလက်အင်္ဂါမဲ့ဖြစ်သွား (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့၊ သရက်ကန်ရွာနဲ့ တွင်းမရွာအကြားမှာ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အပြင် နင်းမိုင်း‌တွေမိခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဆီက သိရပါတယ်။ 

ကန်နီရွာကနေ ရိက္ခာမပို့နိုင်ဘဲပြန်လာတဲ့ စစ်သားနဲ့ရဲ အင်အား ၁၂၀ ပါ စစ်ကောင်စီယာဉ်တန်းဟာ ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အီနာဂါဗုံး အလုံး ၁၄၀ လောက်နဲ့ ကြဲချတိုက်ခိုက်ခံခဲ့ရတာလို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် ကားလမ်းကိုအသုံးမပြုရဲလို့ တောလမ်းကနေ သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နင်းမိုင်းမိပြီး Jammer ၁ စီး ပျက်စီးသွားပြီး ထောက်ပို့ကား ၁ စီးကတော့ ထားရစ်ခဲ့လို့ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

"ကား ၁ စီးကတော့ ပြန်မယူဘူး၊ ယာဉ်မောင်းက လက်တွေပြတ်ကျန်ခဲ့တယ်၊ ကားလည်းဒီအတိုင်းထားသွားတယ်၊ ကားပေါ်မှာပါတဲ့ ဆန်တို့ ပဲတို့ကတော့ အကုန်လုံးပြန်ယူသွားတယ်၊ ကားကတော့ အခွံလိုက်ကျန်ခဲ့တာ၊ ၁၅ ဦးလောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်၊ လက်ပြတ်ခြေပြတ်တွေ ဖြစ်တယ်ဆိုတာ သူတို့နဲ့မွေးချင်းဆက်နွယ်တဲ့သူတွေက ဖုန်းနဲ့ပြန်ပြောလို့ သိရတာ" လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ တပ်ရင်း ၁ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Myaing Warriors တပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့ ၊  KMDF(ကမ္မတပ်ပေါင်းစု)၊ PDF Kamma(ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပကဖ #စစ်ကောင်စီ #ဒရုန်းတိုက်ခိုက်မှု #ပျူစောထီး #နင်းမိုင်း #တော်လှန်ရေးအင်အားစုများ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10