၂ လကြာတိုက်ခိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်    ■စစ်တပ်က မြို့ကို ဟောင်ဝစ်ဇာနဲ့ပစ်နေသလို တိုက်လေယာဉ် ၆ စီးနဲ့ ဗုံးကြဲ

၂ လကြာတိုက်ခိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင် ■စစ်တပ်က မြို့ကို ဟောင်ဝစ်ဇာနဲ့ပစ်နေသလို တိုက်လေယာဉ် ၆ စီးနဲ့ ဗုံးကြဲ

 

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက်ကစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ ဒီကနေ့ မနက် ၂ နာရီဝန်းကျင်မှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ၂ ဖက် ထိခိုက်ကျဆုံးမှုတွေလည်းရှိထားပြီး စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်သူတွေလည်းရှိကာ မြို့သိမ်းပိုက်နိုင်မှု အသေးစိတ်အခြေအနေတွေနဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ပေါ်ကို ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝစ်ဇာ(လက်နက်ကြီး) နဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေကာ လေကြောင်းကနေလည်း တိုက်လေယာဉ် ၆ စီးခန့်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ၅ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အခုတိုက်ပွဲကမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ကလည်း  ပင်လည်ဘူးကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော် လက်နက်ချ အညံ့ခံခဲ့ပါသေးတယ်။

ပုံစာ - NUGMOD အမှတ် ၁ စစ်ဒေသလက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10