၂၀၂၃ အတွင်း စစ်ကောင်စီတပ် ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ

၂၀၂၃ အတွင်း စစ်ကောင်စီတပ် ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်း ၂၀၂၃ ခုနှစ်၌ စစ်ကောင်စီလက်အောက်ခံ စစ်တပ်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဖော်ပြလိုက်သည်။ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်များသည် စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအားကောင်းသည့် အဆိုပါ တိုင်းဒေသကြီး ၃ ခုမှ အများဆုံးဖြစ်ပြီး ၅ ဦးနှင့်အထက် တချိန်တည်း၊ တနေရာတည်း အသတ်ခံရသည့် သတ်ဖြတ်မှုများကို စုစည်းထားခြင်း ဖြစ်သည်။

အစုလိုက်အပြုံလိုက်အသတ်ခံရသူများတွင် သာမန်ပြည်သူများအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များကိုပါ ထည့်သွင်းဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ထည့်သွင်းဖော်ပြရာ၌ တိုက်ပွဲတွင် သေနတ်မှန်၊ ဗုံးမှန်ပြီး အစုလိုက်အပြုံလိုက်တိုက်ပွဲကျဆုံးသွားခြင်းကို ထည့်သွင်းဖော်ပြထားခြင်းမဟုတ်ဘဲ သုံ့ပန်းအဖြစ် အရှင်ဖမ်းမိပြီးမှ ကြိုးတုတ်ကာ နည်းမျိုးစုံဖြင့်အသတ်ခံလိုက်ရသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို ဖော်ပြထားခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံစစ်တပ်များသည် အရပ်သားများကိုဖမ်းဆီးပြီး စစ်ကြောင်းများတွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် အစုလိုက်အပြုံလိုက်သတ်ပစ်သည်။ အမျိုးသမီးများဆိုလျှင် အဓမ္မပြုကျင့်ပြီးမှ သတ်ပစ်ကြသည်။ 

ပြည်သူ့ကာကွယ်ရေးရဲဘော်များကိုလည်း အရှင်ဖမ်းမိသည့်အခါ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားခြင်းမပြုဘဲ အစုလိုက်အပြုံလိုက် တခါတည်းသတ်ပစ်ကြသည်။ 

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် ကြိုးတုပ်ကာ  ခေါင်းဖြတ်သတ်ခြင်း၊ ခန္ဓာကိုယ်ကို အပိုင်းအပိုင်းဖြတ်ခြင်း၊ ဗိုက်ဖောက်ခြင်း၊ အရေပြားများခွာယူခြင်း၊ မီးရှို့ခြင်းကဲ့သို့ လူသားမဆန်သည့်နည်းများကို အသုံးပြုကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများလည်းပါဝင်သည်။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းမှ လူပေါင်း ၁၇၀ ကျော်သည် အထက်ပါနည်းလမ်းများအသုံးပြုခံရကာ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ခံခဲ့ရသည်။

#မြေလတ်အသံ

#၂၀၂၃ #စစ်ကောင်စီ #ကျူးလွန် #အစုလိုက်အပြုံလိုက် #သတ်ဖြတ်မှု #အရပ်သား #တော်လှန်ရေးရဲဘော် #ခေါင်းဖြတ် #သတင်း #ဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10