၂၀၂၃ အတွင်း မင်းအောင်လှိုင် ဖြုတ်ချခဲ့တဲ့ စစ်ဗိုလ်ချုပ်များ

၂၀၂၃ အတွင်း မင်းအောင်လှိုင် ဖြုတ်ချခဲ့တဲ့ စစ်ဗိုလ်ချုပ်များ

၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ဗိုလ်ချုပ် ၁၀ ဦးထက်မနည်းကို ထောင်ဒဏ်ချမှတ်တာ၊ ထုတ်ပယ်အနားပေးတာနဲ့ နယ်ဘက်ပို့ဆောင်တာတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က လုပ်ဆောင်ခဲ့ပါတယ်။

ဖြုတ်ချခံရတဲ့အဆင့်တွေထဲမှာ အကြီးဆုံးအဖြစ် ကြည်းတပ် နံပါတ် ၄ အဆင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ပြည်ထဲရေးဝန်ကြီး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) ၊ တိုင်းမှူး ၊ တပ်မမှူးတွေပါဝင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယုံကြည်ရသူတွေလည်း ဖြစ်ပါတယ်။

သူတို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ စစ်ဆင်ရေးတာဝန်ရှိမှု စတာတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တသက်တကျွန်းပြစ်ဒဏ်အထိ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီ စစ်ဗိုလ်ချုပ်တွေကို အဂတိလိုက်စားတယ်ဆိုကာ အပြစ်ဖော်ပြပြီး ဖမ်းဆီးအရေးယူတာဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်အားလုံးနီးပါးဟာ အဂတိမကင်းတာကြောင့် ဖြုတ်ချခံရသူတွေဟာ စစ်ခေါင်းဆောင်တွေအကြား အာဏာတည်ဆောက်မှုမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကြောင့်လို့လည်း CDM တပ်မတော်သားအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဖြုတ်ချခံခဲ့ရတဲ့ စစ်ဘက်အရာရှိကြီးတွေထဲက ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ကောက်နှုတ်စုစည်းတင်ပြထားပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #၂၀၂၃ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ထုတ်ပယ် #ထောင်ချ #အာဏာ #အဂတိ #ဖမ်းဆီး #အရေးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10