သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဖေဖော်ဝါရီ ၂၈ ဒီနေ့ညမှာ ယှဉ်ပြိုင်သွားကြမယ့် ONE Friday Fights 98 မှာ မြန်မာကိုယ်စားပြုထိုးသတ်နေတဲ့ ဆွန်ရက်ဟာ အယ်ဂျီးနီးယား/ပြင်သစ်နွယ်ဖွားဖိုက်တာ ဂျိုအာချင်အိုရာဂီနဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။
ဆွန်ရက်ဟာ ၂၀၂၄ ခုနှစ်အတွင်း ONE Friday Fights ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိထိုးသတ်နိုင်ခဲ့ပြီး ၄ ပွဲဆက် အနိုင်ရတဲ့ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဆွန်ရက်နဲ့ယှဉ်ပြိုင်ထိုးသတ်ရမယ့် အိုရာဂီဟာ ONE Friday Fights ပွဲတွေမှာတော့ ရလဒ်မကောင်းဘဲ နောက်ဆုံး ၃ ပွဲဆက်ရှုံးနိမ့်ထားတဲ့ ဖိုက်တာတယောက်ဖြစ်ပါတယ်။
ဆွန်ရက်ထက် အရပ်နဲ့လက်တံအသာရနေပြီး အရပ်အမောင်း ကောင်းပေမယ့် အောက်ခြေကန်ချက်ကို ပိုမိုအသုံးပြုကစားတတ်တာတွေ့ရပါတယ်။ ဘယ်ထောက်လက်သီးနဲ့ချိန်ဆကာ ခန္ဓာကိုယ်ကို ညာဖြောင့်လက်သီးထိုးသတ်တတ်ပြီး သူအနိုင်ရထားတဲ့ပွဲမှာလည်း အဲ့ဒီအချက်နဲ့အနိုင်ရထားတာကို တွေ့ရပါတယ်။ အားနည်းချက်အနေနဲ့ လူချင်းပူးကပ်ချိန် တံတောင်အသုံးပြုတာမျိုးတွေ့ရနည်းပြီး ထိုးသတ်နေချိန်မှာလည်း မျက်နှာကို ကာဗာလုပ်နိုင်တာနည်းပါတယ်။
ဆွန်ရက်ကတော့ ၂၀၂၄ ခုနှစ်အတွင်း ဒဏ်ရာလည်းကင်းသလို ရလဒ်လည်းကောင်းခဲ့တာကြောင့် ၄ ပွဲဆက်အနိုင်ကစားနိုင်ခဲ့ပြီး ထိုင်းဖိုက်တာတွေနဲ့တွေ့တိုင်းရှုံးနိမ့်ရတဲ့အစဉ်အလာကိုလည်း နောက်ဆုံးပွဲမှာ ခြေဖျက်နိုင်ခဲ့ပါတယ်။
ဘယ်ခြေ ဘယ်လက်အားပြုကစားတတ်တဲ့ဆွန်ရက်ဟာ နောက်ပိုင်းပွဲတွေမှာ စိတ်ရှည်ရှည်နဲ့ကစားတတ်လာပြီး ပြိုင်ဘက်ရဲ့အနေအထားကို အကဲခတ်ကစားလာတာမျိုးတွေ့ရပါတယ်။ အောက်ခြေကန်ချက်နဲ့ အနီးကပ်တံတောင်ရိုက်ချက်ကိုအသုံးပြုတတ်ပြီး ပြိုင်ဘက်ကိုအမှတ်စဉ်ရေတွက်စေနိုင်တဲ့ ပါဝါမျိုးပိုင်ဆိုင်ထားပါတယ်။ အားနည်းချက်ကတော့ လက်သီးတွဲလုံးတွေနဲ့ ခြေကန်ချက်တွေ လေးလံတာတွေ့ရပါတယ်။
အိုရာဂီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ပွဲဝေးနေတာဖြစ်ပြီး ဆွန်ရက်ကတော့ ဆက်တိုက်ထိုးသတ်နေရတာကြောင့် ပြိုင်ပွဲကိုချည်းကပ်ပုံ ပိုမိုကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အိုရာဂီဟာ ဒီပွဲနိုင်မှ နောက်ထပ်ပွဲစဉ်တွေထိုးသတ်ခွင့်မျှော်လင့်နိုင်မှာဖြစ်ပြီး ဆွန်ရက်ကတော့ ဒီပွဲနိုင်ရင် ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုမျှော်လင့်နိုင်မှာပဲဖြစ်ပါတယ်။ ဒီပွဲအနိုင်အရှုံးဟာ ဖိုက်တာ ၂ ယောက်စလုံးအတွက် ဦးတည်ချက်မတူပေမယ့် အရေးပါတဲ့ပွဲဖြစ်တာကြောင့် ပွဲကောင်း ၁ ပွဲဖြစ်မယ်လို့ ထင်ပါတယ်။
Photo - One Lumpinee FC
#မြေလတ်အသံ
#အားကစား #လက်ဝှေ့ #ONEFridayFights98 #ဆွန်ရက် #အိုရာဂီ
Share Share Share