၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်သာရပ်ကွက် အမြင့်လမ်းပေါ်က သုံးထပ်တိုက်မှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ ဆီက သိရပါတယ်။

မုံရွာ - အမြင့်လမ်းပေါ်က စန္ဒာအောင်ခေါင်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် သုံးထပ်တိုက်မှာ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်အုပ်စုတပ်စွဲထားတဲ့စခန်းကို စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်ပြီး ၄၅ မိနစ်ကျော် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"အားလုံးပေါင်း ၁၅ ယောက်သေဆုံးကိုတော့ အတည်ပြုထားနိုင်တယ်။ ဆေးရုံပေါ်မှာ ကျန်သေးတယ်ဆိုတော့ သေဆုံးမှုက ဒီထက်ပိုနိုင်တယ်" လို့  Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။

အဲ့ဒီ ကင်းစခန်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အပါအဝင် ရဲ နဲ့ ပျူတွေပါ  မကြာမကြာအဝင်အထွက် လုပ်နေလို့ ဘယ်တပ်ကလဲဆိုတာတော့ အတည်ပြုလို့ မရဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )က ဦးဆောင်ပြီး Spring Dove၊ ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့ ၊ 5/UG Task Force၊ Democratic Guerrilla Force (DGF)၊ Monywa Commando Force ၊ Unity Force၊  Monywa Special ဒိတ်ဒိတ်ကြဲ၊ အရာတော်မြိုနယ် ပကဖ ၊ Peacock King PDF၊ God Of Snake တပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကလည်း ကျောက်စိမ်း၊ သစ်နဲ့ ကြေးပြားတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဉ် ၁၅ စီးကို မုံရွာမြို့ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ Chindwin Attack Force တပ်ရင်း ၄ အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ‌သင်္ဘောတစီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မုံရွာ #အမြင့်လမ်း #စစ်အုပ်စုကင်းစခန်း #တိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10