သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့၊ ပခုက္ကူလမ်းပိုင်းရှိ ပြည်သူပိုင်သုံးထပ်တိုက်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ခလရ ၂၅၁ က စစ်သားအင်အား ၁၅ ဦးတပ်စွဲထားတဲ့ အဆိုပါတိုက်ပေါ်ကို စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ရာမှာ ၁၀၀ မမ၊ ၁၂၀ မမ၊ ၁၃၀ မမ လက်နက်ကြီးတွေနဲ့ မီတာ ၅၀၀ လောက်ကနေ ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာဟီးရိုးလက်နက်ကြီးတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ကျားသစ်နက် တပ်မတော်၊ နဂါးနီပကဖမြိုင်နဲ့ ကိုဘာဂျာဒရုန်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာတော့ အဲ့ဒီစစ်အုပ်စုဟာ တခြားနေရာကို ပြောင်းရွှေ့သွားခဲ့တယ်လို့လည်း သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #မြိုင် #လက်နက်ကြီး #ပစ်ခတ် #တိုက်ပွဲ
Share Share Share