၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်းပေါ်က ညောင်ပင်သာရပ်ကွက် ရွှေတော်ဝင်ကွမ်းယာဆိုင်အနီးမှာ စစ်သား၊ ရဲနဲ့ပျူစောထီးတွေ တပ်စွဲထားတဲ့စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ ဆီက သိရပါတယ်။

ရွှေတော်ဝင်ကွမ်းယာဆိုင်အနီး သုံးထပ်တိုက်အပေါ်မှာ အင်အား ၃၀ ကျော်နဲ့ စစ်အုပ်စု တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာလ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်လောက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ထိခိုက်သေဆုံးတာတော့ ၅ ကောင်သေပါတယ်။ တကယ်မြေပြင်မှာ ပြည်သူဆီက ပြန်ကြားရတာနဲ့ scout(ကင်းထောက်)တွေဆီက ပြန်ကြားရတာကတော့ ၈ ကောင်သေတယ်။ သူပစ်ကိုယ်ပစ် ပစ်ခတ်ခဲ့တာ၊ ကျ‌နော်တို့က ပြောက်ကျားစနစ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာ။ ကျ‌နော်တို့ဘက်က ပစ်တာဦးတယ်။ လမ်းပေါ်မှာကင်းယူနေတဲ့ ** ၅ ကောင်တော့ အတိအကျသေတယ်" လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ပေတလူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )က ဦးဆောင်ပြီး Spring Dove၊ 5/UG Task Force၊ Democratic Guerrilla Force (DGF)၊ Monywa Commando Force နဲ့ ဒဿပြောက်ကျားတပ်ဖွဲ့တို့က  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီ အင်အား ၃၀၀ လောက်ပါတဲ့စစ်ကြောင်းကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မုံရွာ #အမြင့်လမ်း #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10