၃ ရက်ဆက်တိုက် တိုက်ခံရလို့ စစ်အုပ်စုဘက် ၃၀ဝန်းကျင်သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း အင်အား ၂၀၀ ပါတဲ့ စစ်ကောင်စီအုပ်စုကို ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။  

ဆားတောင်အနောက်ဘက်အခြမ်းကို စစ်သား၊ ရဲ၊ ပျူ အင်အား ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ဇွန်လ ၁၃ ရက်ကစပြီး သာဇင်ရွာမှာ မနက် ၁၀ နာရီမှာ ၁ ကြိမ်၊ ၁၄ ရက်မှာလည်း ၁ ကြိမ်၊ ဇွန်လ ၁၅ ရက် ဒီနေ့တော့ ပေါက်မရွာမှာ ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်က ၄၀ မမတွေနဲ့လည်း ပစ်ခတ်နိုင်ခဲ့တယ်။ ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အလောင်းတောင်မကောက်နိုင်ဘဲ ဒဏ်ရာရတဲ့ကောင်တွေကိုသယ်ပြီး ဘုန်းကြီးကျောင်းထဲမှာ ဆေးကုတာတွေလုပ်ကြတယ်။" လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဇွန်လ ၁၃ ရက် တိုက်ပွဲမှာ ၁၀ ဦးသေဆုံးပြီး ဇွန်လ ၁၅ ရက်မှာ အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်က ၆၀ မမ လက်နက်စ မှန်လို့ ၆ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီပစ်ခတ်မှုကို Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇- မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ဆားတောင်မိုကြိုး၊ တပ်ရင်း ၁ စစ်ကိုင်းခရိုင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #ကြားဖြတ်တိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူစောထီး #PDF #Zeroပြောက်ကျားတပ်မဟာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10