၅ နှစ်အရွယ် သားအရင်းကို ဓါးနဲ့ခုတ်သတ်ခဲ့တဲ့ဖခင် ဆေးကြောင်နေဟုဆို

၅ နှစ်အရွယ် သားအရင်းကို ဓါးနဲ့ခုတ်သတ်ခဲ့တဲ့ဖခင် ဆေးကြောင်နေဟုဆို

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ရွာထောင်ကျေးရွာမှာ ဆေးကြောင်နေတဲ့ ဖခင်က ၅ နှစ်အရွယ်သားကို သင်္ချိုင်းခေါ်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် ည  ၁၂ နာရီမထိုးခင်အချိန်မှာ ရွာထောင်ကျေးရွာနေ အသက် ၄၀ နှစ်ခန့်ရှိ ဝိုင်းချစ်အောင်ဆိုသူမှ  သူရဲ့သားဖြစ်သူ အသက် ၅ နှစ်ကျော်အရွယ် ဘုန်းလျှံဝိုင်းချစ်ကို နေအိမ်ကနေ ကျေးရွာသင်္ချိုင်းထဲကို ခေါ်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

"လည်ပင်းပြတ်ရှဒဏ်ရာ။ လည်ပင်းကိုဓားနဲ့လှီးထားတာ တေ့တေ့လေးပဲ ကျန်တော့တာ။ သူအဖေက ဆေးကြောင်ပြီးလုပ်တာလို့ သိရတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးငယ်ဟာ နေအိမ်မှာ အဖိုးအဖွားတွေနဲ့အတူအိပ်နေချိန် ဖခင်ဖြစ်သူက လာခေါ်သွားပြီး သတ်ဖြတ်ခဲ့ပြီးနောက် ဖခင်ဖြစ်သူကနေအိမ်ပြန်လာကာ အဖိုးနဲ့အဖွါးဖြစ်သူကို "သူ့သားကို သူသတ်ခဲ့ပြီဖြစ်တယ်လို့" ပြောဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

သားဖြစ်သူကိုသတ်ဖြတ်လိုက်တဲ့ဖခင်ကတော့ နေအိမ်မှာပြန်အိပ်နေချိန် ရဲတွေက နေအိမ်မှာ ဝင်ဖမ်းသွားတယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ့အလောင်းကိုတော့ ဒေသခံတွေက ပေါက်ခေါင်းဆေးရုံကို ပို့ဆောင်ပေးပြီးနောက် ဆေးရုံစစ်ဆေးချက်ယူပြီး ကျေးရွာသုဿာန်မှာပဲ ပြန်လည် သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ဖခင် #သား #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10