၅ ရက်ကြာခဲ့တဲ့ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ CDF-KKG ရဲဘော် ၄ ဦးတိုက်ပွဲကျ

၅ ရက်ကြာခဲ့တဲ့ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ CDF-KKG ရဲဘော် ၄ ဦးတိုက်ပွဲကျ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာရှိ စစ်ကောင်စီတပ်စစ်စခန်းသိမ်းတိုက်ပွဲမှာ ကလေး-ဂန့်ဂေါဒေသအခြေပြု CDF-KKG (Kalay KabawGangaw) တပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့  အဲ့ဒီအဖွဲ့ထံက သိရပါတယ်။

သိုင်းငင်းစခန်းကို ဇန်နဝါရီ ၁၂ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် မနက် ၇ နာရီခန့်မှာ စခန်းသိမ်းပိုက်နိုင်ခဲ့ကာ ၅ ရက်တာတိုက်ပွဲအတွင်း CDF-KKG ရဲဘော် ၄ ဦးသေဆုံးခဲ့တာလို့ သိရပါတယ်။

“ စစ်ကောင်စီကတော့ စခန်းစွန့်ခွာသွားပြီ၊ စခန်းကို အပိုင်သိမ်းနိုင်းခဲ့တယ်။ ကျဆုံးရဲဘော်တွေရဲ့ ဈာပနလုပ်တာတော့ ရက်တွေမတူဘူး။ နောက်ဆုံးလုပ်ဖြစ်တာကတော့ ၁၅ ရက်နေ့ကပါ" လို့ CDF-KKG သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်တွေဟာ အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်ကြတဲ့ ရဲဘော် လမ်ပွမ်ခိုင်၊ ရဲဘော် ဗန်လာလ်ရိုကျဲ၊ ရဲဘော် စည်သူအောင်၊ ရဲဘော် ကျန်ကျင်းမွဲတို့ ၄ ဦးဖြစ်တယ်လို့ CDF - KKG နဲ့ နီးစပ်သူတဦးထံက ပြောပါတယ်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး လက်နက်/ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို CDF KKG ၊ CNA ၊ CDF Hakha ၊ CDF Thantlang ၊ CDF Hakha ၊ CDF Hualngoram၊ CDF Zangiat ၊ PDA၊ CMD Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်း ကလေးမြို့နယ်၊ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ‌မှာလည်း CDF KKG ရဲဘော်တွေကျဆုံးခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနိုင်အောင် ပြည်သူတွေအနေနဲ့ အဖွဲ့ကို ထောက်ပံ့လှူဒါန်းပေးစေချင်တယ်လို့ CDF-KKG တာဝန်ခံက ပြောပါတယ်။

ပုံစာ - သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင်း ကျဆုံးခဲ့သည့် CDF-KKG တပ်ဖွဲ့ဝင် စည်သူအောင်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ချင်း #ကလေး #ဂန့်ဂေါ #CDF #KKG #ရဲဘော်၄ဦး #တိုက်ပွဲကျ #သိုင်းငင်းစခန်း #စခန်းသိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10