၅ ရက်အတွင်း ကလေးမြို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးရေလျှံမှုဖြစ်နိုင်

၅ ရက်အတွင်း ကလေးမြို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးရေလျှံမှုဖြစ်နိုင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မကနေ ၈ လက်မခွဲအထိ မိုးအလွန်များများ ရွာသွန်းဖို့ရှိတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားပါတယ်။

အဲ့ဒီမိုးရွာသွန်းမှု အခြေအနေကြောင့် ကလေးမြို့မှာ မြစ်သာမြစ်ရေ မြင့်တက်တာ၊ ချင်းပြည်နယ် မြောက်ပိုင်းမှာ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းပြီး မြေပြိုတာတွေဖြစ်နိုင်တဲ့အတွက် သတိပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခန္တီး၊ လေရှီး၊ လဟယ် စတဲ့မြို့နယ်တွေမှာလည်း မိုးရေချိန် ၉ လက်မကျော်ထိ မိုးသည်းထန်စွာ ရွာသွန်းဖို့ရှိနေတယ်လို့ သိရပါတယ်။

မိုးလေဝသ လေ့လာသူတဦးဖြစ်တဲ့ မစုစုစံကလည်း အောက်တိုဘာ ၁ ရက်ကနေ ၃ ရက်အတွင်း ဖောင်းပြင်၊ ဟုမ္မလင်း၊ ထမံသီ၊ လေရှီး၊ ခန္တီး၊ လဟယ် စတဲ့မြို့နယ်ကျေးရွာတွေမှာ မိုးရွာသွန်းမှုကြောင့် မိုးကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်တို့မှာ မိုးရွာသွန်းပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်း ရန်ကုန်နဲ့ တနင်္သာရီတိုင်းကလွဲပြီး မြန်မာနိုင်ငံအနှံ့မိုးသည်းထန်စွာ ရွာသွန်းကာ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ချင်းတောင်တန်းများပေါ်တွင် မြစ်ဖျားခံကာ ကလေးမြို့၏မြောက်ဘက်သို့ စီးဆင်းသည့် မြစ်သာမြစ်။

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #မိုးလေဝသ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10