၆၀ မမ နဲ့ ပစ်ခံရလို့ ရဲတပ်ရင်း ၂၈ က ရဲ ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်း ရွှေတောင်ဦးအကျိုးအကန်းကုန်းအနီး ရဲတပ်ရင်း ၂၈ မှာ အထိုင်ချနေတဲ့ ရဲနဲ့ စစ်သားတွေကို ဒီဇင်ဘာ ၂၆ ရက် မနက် ၉ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force) အဖွဲခေါင်းဆောင် ဗိုလ်နေလအောင် က ပြောပါတယ်။

စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတဲ့ အဲ့ဒီနေရာကို ၆၀ မမ လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်နေလအောင် ကဆိုပါတယ်။

သေဆုံးတဲ့ ရဲ ၃ ဦးကိုတော့ ဒီဇင်ဘာ ၂၆ ရက် ညနေ လောက်က တပ်ရင်းရဲ့ အနောက်ဘက် သုသာန်မှာပဲ သေနတ်ဖောက် အမိန့်ပြန်တမ်း လုပ်ခဲ့တယ်လို့ ဗိုလ်နေလအောင် က ဆက်ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force)၊ Regional Friend Fighter နှင့် မဲမှောင်ပြောက်ကျားတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း ၁ တပ်ခွဲ ၁ ( Brother Defense Force) အဖွဲ့က လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ပုသိမ်-မုံရွာလမ်း #ရဲတပ်ရင်း၂၈ #၆၀မမ #ပစ်ခတ်တိုက်ခိုက် #စစ်ကောင်စီ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10