၇လကြာစစ်ဆင်ရေးကပြန်လာတဲ့ PDFတွေကို ဒေသခံတွေကကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ရှေ့တန်းတိုက်ပွဲတွေကပြန်လာတဲ့ ယင်းမာပင် ဗျူဟာ ၄၉ က ရဲဘော်တွေကို ဒေသခံပြည်သူတွေက စက်တင်ဘာ၂၉ရက်မှာဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀ ရိုးမရာဇာ နယ်စည်းမခြားဆီက သိရပါတယ်။

ယင်းမာပင်ဗျူဟာ ၄၉ရဲ့ လက်ရွေးစင် ရဲဘော်၈၄ဦးဟာ ကောလင်းမြို့နယ်အတွင်းရှိ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကူအဖြစ်သွားရောက်တိုက်ခိုက်ပြီးအပြန် စက်တင်ဘာ၂၉ရက်ညပိုင်းမှာ ပုလဲမြို့နယ်က ဒေသခံပြည်သူတွေက ကြိုဆိုခဲ့တာပါ။

ကြိုဆိုရာမှာ ပန်းပွားအကတွေ၊ ဘင်ခရာတွေအပြင် သပြေပန်းတွေနဲ့ပါကြိုဆိုခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀ ရိုးမရာဇာ နယ်စည်းမခြား ဗိုလ်လဂွန်းအိန်က ပြောပါတယ်။

ဒါ့အပြင်အထိအခိုက်အကျအဆုံးမရှိပဲပြန်လာနိုင်ခဲ့ပြီး ဒေသခံပြည်သူတွေက အခုလိုကြိုဆိုတဲ့အပေါ် ဝမ်းသာတယ်လို့လည်းသူက ဆက်ပြောပါတယ်။

ယင်းမာပင်ခရိုင်ဗျူဟာ ၄၉ အဖွဲ့ဝင် ရဲဘော် ၈၄ဦးဟာ ကောလင်းမြို့နယ်အတွင်းမှာစစ်ကူအဖြစ်တိုက်ခိုက်ပြီး၇လအကြာမှာအထိအခိုက်အကျဆုံးမရှိပဲ ရဲဘော်အားလုံးပြန်လာနိုင်ခဲ့တာလို့လည်းသိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10