၇ လကြာသည်အထိ အရေးမယူနိုင်သေးဘဲ ရှိနေတဲ့ ဝက်လက်က ပစ်ခတ်မှု (ရုပ်/သံ)

လွန်ခဲ့တဲ့ ၇ လလောက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ ကိစ္စဟာ လက်ရှိအချိန်အထိ အရေးမယူနိုင်သေးဘဲ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှာ ဝက်လက်မြို့နယ်အခြေစိုက် ဗိုလ်ကျားကြီးအဖွဲ့က ခေါင်းဆောင် ဗိုလ်ကျားကြီးကို ဝက်လက် ပကဖ တပ်ရင်း ၂ က အင်အား ၆၀ လောက်နဲ့ ပစ်ခတ်ဖမ်းဆီးချိန်မှာ ရဲဘော်တွေဖြစ်တဲ့ ကိုရန်လင်းထွန်း နဲ့ စိုင်းမောင်မောင်တို့ ၂ဦး သေဆုံးခဲ့တာပါ။ အဲဒီတုန်းက ဝက်လက် ပကဖ တပ်ရင်း ၂ ကို KIA စစ်သား ဒူချွန်စိုင်းသူ က တာဝန်ခံဖြစ်နေချိန် ဒီဖြစ်စဉ်ကို အမိန့်ပေးခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။


အသတ်ခံလိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက တရားမျှတမှုနဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ NUG နဲ့ KIA ကတာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် အရေးယူမှု တစုံတရာမရှိသေးတာကြောင့် အခုနှစ် မတ်လ ၃၀ ရက်က တတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပြန်ပါတယ်။

သတင်းအပြည့်အစုံကို မြေလတ်အသံ ရုပ်သံမှာ ဖော်ပြထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10