သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
၈၈ တော်လှန်ရေးသမားတွေရဲ့ မပြီးပြတ်ခဲ့တဲ့တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းကို ပြည်သူကိုချပြတဲ့အနေနဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဩဂုတ် ၈ ရက် ဒီကနေကျရောက်တဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့မှာ HUNDRED ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။
“ကျနော်တို့ရဲ့ရှေ့က တော်လှန်ရေးသမားတွေ ၈၈ မှာ တော်လှန်ခဲ့တဲ့ မပြီးသေးတဲ့တော်လှန်ရေးကို ကျနော်တို့ အဖွဲ့တွေအနေနဲ့ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့အကြောင်းကို အများပြည်သူသိအောင် လှုပ်ရှားမှုတခုအနေနဲ့ လုပ်တာပါ” လို့ HUNDRED ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။
အခမ်းအနားကို ဒီမနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ရဲဘော်အင်အား ၁၆ ဦးနဲ့ ကျင်းပခဲ့ကြတာပါ။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#သတင်း #ဆားလင်းကြီး #၈၈ #တော်လှန်ရေး #hundredပြောက်ကျားတပ်ဖွဲ့ #ရှစ်လေးလုံး #အရေးတော်ပုံနေ့
Share Share Share