၈၈၈၈ အထိမ်းအမှတ်အဖြစ် ရေစကြိုမြို့ နယ်က ပျူစောထီးရွာကို Rocket ၃ လုံးနဲ့တိုက်ခိုက်

၈၈၈၈ အထိမ်းအမှတ်အဖြစ် ရေစကြိုမြို့ နယ်က ပျူစောထီးရွာကို Rocket ၃ လုံးနဲ့တိုက်ခိုက်

သြဂုတ် ၈ ရက်မှာကျရောက်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချို (ပျူစောထီး)ကျေးရွာကို တာဝေးပစ် Rocket ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONEက ပြောပါတယ်။

မနေ့က နေ့လယ် ၁ နာရီအချိန်မှာ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့ ဂွေးချို (ပျူစောထီး) ကျေးရွာကို ၃ မိုင်အကွာကနေ ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၃ လုံးပစ်တာမှာ ပထမတလုံးက ရွာရဲ့တောင်ဘက်ကျတယ်။ ဒုတိယတလုံးက ရွာအလယ်တည့်တည့် ကျတယ်။ တတိယတလုံးကတော့ စကစတွေ တပ်စွဲနေတဲ့ ရွာရဲ့မြောက်ဘက်ကို ကျသွားတယ်။ အထိအခိုက်ကျတော့ မသိရသေး" လို့ COBRA ONEONE တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

ဂွေးချိုကျေးရွာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်ကလည်း အထိုင်ချတပ်စွဲနေတဲ့ကျေးရွာဖြစ်ပါတယ်။ တိုက်ခိုက်နေချိန်အတွင်း ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားတွေဘက်က ပြန်လည်ပစ်ခတ်တာ မရှိခဲ့ဘူးလို့လည်း ဗိုလ်မြွေဟောက်က ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်ပြီးနောက်  ကာကွယ်ရေးတပ်ဖွဲ့တွေက ကင်းထောက်ဒရုန်း ၂စီးနဲ့ ထောက်ကြည့်တဲ့အချိန် ကျေးရွာအတွင်း Rocket ၃ လုံး ကျတဲ့နေရာတွေကို တိတိကျကျသိရှိနိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ COBRA ONE၊ စနေမင်း၊ TARTAY REVOLUTION FORCE ၊ Earthq uake People’s Defence Force  တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂ ရက်မှာလည်း ပခုက္ကူမြို့ နယ်၊ အနောက်ဘုန်းကန်(ပျူစောထီး)ရွာက စစ်ကောင်စီစခန်းကို COBRA ONE၊ စနေမင်းပြောက်ကျားတပ်ဖွဲ့  မြိုင်မြို့နယ်၊ TARTAY Revolution FORCE စတဲ့ မဟာမိတ် ၃ဖွဲ့က တာဝေးပစ် Rocket ၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စခန်းကို ကျော်လွန်ခဲ့ကာ ၁ လုံးကတော့ စခန်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့နယ် #ဂွေးချို(ပျူစောထီး)ကျေးရွာ #တာဝေးပစ် Rocket #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10