၈၈၈၈ အရေးတော်ပုံနေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူကို မီးရှို့ပြီး ဆန္ဒပြ

၈၈၈၈ အရေးတော်ပုံနေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူကို မီးရှို့ပြီး ဆန္ဒပြ

သြဂုတ် ၈ရက် ဒီနေ့မှာကျရောက်တဲ့ ၃၅နှစ် ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုတွေက နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို မီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ပြောပါတယ်။

လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုတာ၊ ဆေးအနီရောင်တွေကို လမ်းမကြီးပေါ်မှာ ပက်ဖြန်းကာ စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်တွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ တိုက်တွန်းတဲ့အနေနဲ့  မီးရှို့တဲ့အစီစဥ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ အဲ့ဒီသပိတ်အင်အားစုကော်မတီဝင် ကိုမျိုးမျိုးက ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက တရားဝင်မှု မရှိသလို သူတို့တရားမဝင် ရိုက်နှိပ်ထုတ်လုပ်နေတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူဟာလည်း တရားမဝင်ကြောင်း တော်လှန်ရေး အင်အားစုတွေက ကြေညာထားပြီး ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေးမှာ ကျရာအခန်းကဏ္ဍက ပါဝင်အားဖြည့်ကြဖို့ကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#နှစ်သောင်းတန် #မီးရှို့ #၈၈၈၈ #ရှစ်လေးလုံး #အရေးတော်ပုံ #ဆန္ဒပြ #ဆားလင်းကြီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10