သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရေစကြိုမြို့နယ်မှာ ဓားထောက်လုယက်နေတဲ့ အဖွဲ့တခုကို ရေစကြို PDF ကဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊
အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ရက်က ရေစကြိုမြို့က ကံပွင့်လုပ်ငန်းပိုင် ပလက်စတစ်စက်ရုံကို မီးရှို့ဖျက်ဆီးပြီး စက်ရုံမန်နေဂျာကို ဖမ်းဆီးသွားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
" သူတို့က PDF လည်းမဟုတ်ဘူး ဓားထောက်လုယက်နေတဲ့ အဖွဲ့ ကျနော်တို့စုံစမ်းနေတာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ကံပွင့်ကို လုယက်ပြီး အပြန်မှ ကျနော်တို့ ဖမ်းမိလိုက်တာ၊ ကံပွင့်ကို တိုက်ခိုက်လို့ ဖမ်းတာမဟုတ်ဘူး၊ ကျနော်တို့ ကံပွင့်ကိုလည်း စောင့်ကြည့်နေပါတယ်၊ " လို့ ရေစကြို PDF က ရဲဘော် ဝေကြီးက ပြောပါတယ်။
ကံပွင့်လုပ်ငန်းဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ သတင်းတွေကိုလည်း ရေစကြို PDF အနေနဲ့ သိထားပြီးသားဖြစ်သလို စောင်ကြည့်နေစဥ် ကာလမှာ လုယက်နေတဲ့ အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး မန်နေဂျာဖြစ်သူကိုဖမ်းဆီးလာခဲ့လို့ မတ်လ ၃၀ရက်ညနေပိုင်းမှာ စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့လိုက်တယ်လို့ ပြောပါတယ်။
" ကံပွင့်မကလို့ ဘာကြီး ဖြစ်နေနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးယူတာတွေ လုပ်ရမှာပဲ၊ ကံပွင့်ကိုတော့ ကျနော်တို့ အနေနဲ့ ဘာမှ ကာကွယ်ပေးစရာ အကြောင်းမရှိဘူး အထောက်အထားခိုင်လုံပြီဆိုရင်တော့ ကျနော်တို့ ကိုယ်တိုင် အရေးယူမှာဗျ" လို့ ရေစကြို PDF က ရဲဘော်ဝေကြီးက ပြောပါတယ်။
လက်ရှိမှာတော့ လုယက်နေတဲ့ လူငယ် ၆ယောက် အဖွဲ့ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရေးယူတာတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပုံစာ - ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး
#မြေလတ်အသံ