⁨ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံး

⁨ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁) ရပ်ကွက်၊ New Feed ဘောလုံးကွင်းမှာ ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီခန့်မှာ အမှတ် ၆ ရပ်ကွက်၊ ဘုရားလမ်းနေ အသက် ၄၅ နှစ်အရွယ် ဦးစိုးလွင်ဦးမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ပြီး ခဏနားနေခဲ့ရာမှ လဲကျသေဆုံးသွားတာလို့ ဆိုပါတယ်။

"မောလို့ခဏနားပြီး ရေသောက်မယ်ဆိုလို့ တယောက်က ရေသွားဝယ်နေချိန်မှာဘဲ သူက လဲကျသွားတာ။ အရေးပေါ်ကားတွေကလည်း ချက်ချင်းခေါ်မရတာနဲ့ အသက် မမီလိုက်ဘူး" လို့ တောင်ငူဒေသခံတဦးက ပြောပါတယ်။

ကိုစိုးလွင်ဦးလဲကျပြီး နာရီဝက်ခန့်အကြာမှ အရေးပေါ်လူနာတင်ကားရောက်လာပြီး တောင်ငူဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုစိုးလွင်ဦးဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ရောဂါအခံမရှိပေမယ့် အမော့ဆို့ပြီး လဲကျသေဆုံး သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူခရိုင် #NewFeed #ဘောလုံးကွင်း #ဘောလုံးကန်⁩

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10