7 July အထိမ်းအမှတ်အဖြစ် ဒေသခံ ၆၀၀ ကျော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆန္ဒပြ

7 July အထိမ်းအမှတ်အဖြစ် ဒေသခံ ၆၀၀ ကျော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆန္ဒပြ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာတရွာမှာ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ပူးပေါင်းပြီး 7 July အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ 

 

“အဓိကရည်ရွယ်ချက်ကတော့ ဆဲဗင်းဇူလိုင် ရဲ့ ဖြစ်ပေါ်လာပုံတွေကို ပြည်သူတွေသိအောင် ပြောပြတယ်၊ ဆဲဗင်းဇူလိုင်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြည်သူလူထုတွေကို ဟောပြောပြတယ်၊ လက်ရှိအချိန်အထိ ဆန္ဒပြတိုက်ပွဲဝင်ပြီးတော့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ပြုတ်ကျဖို့အတွက် တဖက်တလမ်းကနေ အားဖြည့်ပြီးတော့ ဆန္ဒထုတ်ဖော်ကြတာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

ရွာ ၈ ရွာက ပြည်သူ ၆၀၀ ကျော်အပါအဝင် ပညာရေးဘုတ်အဖွဲ့ - ရေစကြိုမြို့နယ်၊ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်နဲ့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင်လ ၇ ရက်ဒီနေ့ညနေ ၄ နာရီလောက်မှာ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ရေစကြို #တော်လှန်ရေးအင်အားစု #ဒေသခံ #7July #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10