7July အထိမ်းအမှတ်အဖြစ် ပခုက္ကူ-ရေစကြိုကားလမ်းမဘေးက စစ်ကောင်စီဂိတ်ကို ဗုံးသီးချ တိုက်ခိုက်

7July အထိမ်းအမှတ်အဖြစ် ပခုက္ကူ-ရေစကြိုကားလမ်းမဘေးက စစ်ကောင်စီဂိတ်ကို ဗုံးသီးချ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြို ကားလမ်းမဘေးမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ဇူလိုင် ၇ ရက် မနက် ၁၀ နာရီကျော်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO ဆီက သိရပါတယ်။

 

အဲ့ဒီဂိတ်မှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ရှိကာ လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းရမ်းနေတာတွေ ရှိနေလို့ မောင်းသူမဲ့လေယာဥ် ၁ စီးနဲ့ ၆၀ မမ ဗုံးသီးတလုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

"အဲ့ဒီဂိတ်ဖွင့်ထားတာ ဆယ့်တလလောက်ရှိပြီ။ အထိုင်ချနေတာ။ ဗုံးသီးက ဂိတ်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ မသိရဘူး။ ဗုံးသီးချပြီးလို့ ခဏအကြာမှာတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်" လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO မှ သတင်းပြန်ကြာရေး Uမျိုး က ပြောပါတယ်။

 

 

ဒါ့အပြင် အဲ့ဒီဂိတ်မှာနေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့အခြေစိုက် ခမရ ၁၀၁၊ ၂၅၆၊ ၂၅၈ တပ်ရင်းတွေက စစ်ကောင်စီသားတွေဖြစ်ကြပြီး အဓိကတိုက်ခိုက်ခဲ့တာက 7July နေ့ကို မမေ့ဘူးဆိုတာကို စစ်ကောင်စီတပ်တွေ သိရှိစေဖို့အတွက် ဖြစ်တယ်လို့ Uမျိုး က ပြောပါတယ်။

 

တိုက်ခိုက်မှုကို Urban Underground Revolution Force-YSO၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း၊ 27revoluation force၊ မြန်မာ့တော်ဝင်နဂါးတပ်တော်( MRDA) ပုလဲ၊ Myingyan District Drone Strike (MDDS )၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO၊Yesagyo Revolution Group ( YRG ) ရှားထူးဝေါ် နည်းပညာအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #7July #ဗုံးသီးချတိုက်ခိုက် #YSO

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10