ABSDF အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပကဖ ပူးပေါင်း စစ်သင်တန်းဆင်းပွဲ (Photo News)

ABSDF အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပကဖ ပူးပေါင်း စစ်သင်တန်းဆင်းပွဲ (Photo News)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တနေရာမှာ ABSDF အမှတ် ၃ စစ်ကြောင်းနဲ့  ရေစကြိုမြို့နယ် ပကဖ တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့  ABSDF စစ်ကြောင်း ၃ ကတဆင့် သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို မတ် ၂ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ ၃ လကျော် ကြာမြင့်ခဲ့ကာ သင်တန်းသား ၁၂၀ ကျော် သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ကျနော်တို့ ABSDFနဲ့က ဒီလိုသင်တန်းပေးလိုက်ခြင်းအားဖြင့်က တသားတည်းလည်း ဖြစ်လာပြီ၊ တသားတည်းဖြစ်လာတဲ့ အခါမှာ ကျနော်တို့က ရှေ့လျှောက်ပြီးတော့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးတော့ အရှိန်မြှင့်ဖို့ပေါ့နော်၊ အညာဒေသမှာ စစ်ကောင်စီ ကင်းစင်သွားအောင်လို့ ကျနော်တို့က အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်။”လို့ ABSDF စစ်ကြောင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ABSDF အမှတ် ၃ စစ်ကြောင်းဟာ ရေစကြို၊ ပုလဲ၊ မြိုင်၊ ပခုက္ကူ စတဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ အပြန်အလှန်လေးစားမှုတွေနဲ့ ရှေ့ဆက်တိုက်ပွဲတွေ ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

#မြေလတ်အသံ 

#ABSDF #ရေစကြို #ပူးပေါင်း #သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10