BNRAရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ပြုလုပ်

BNRAရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ရဲ့ အပတ် စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဇွန်လ ၂၃ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်သင်တန်းအပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးတာကို ပြီးခဲ့တဲ့ မေလ ၁၁ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်နဂါး တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်သင်တန်းမှာ အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် လေ့ကျင့်မှုတွေအပါအဝင် စစ်ဆင်ရေးအတွက်အဓိကကျတဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို စာတွေ့ ၊လက်တွေ့  စနစ်တကျလေ့ကျင့် သင်ကြားခဲ့တယ်လို့ BNRA က ထုတ်ပြန်ပါတယ်။

#မြေလတ်အသံ

#ယင်းမာပင်ခရိုင် #BNRA #သင်တန်းဆင်းပွဲ #အပတ်စဉ်၁ #လက်နက်တပ်ဆင်ပေး #သတင်းတို 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10