Buffalo Soldiers Freedom Force ရဲ့ မြို့ပြစစ်ဆင်ရေးအထူးပြောက်ကျားအဖွဲ့ အပတ်စဉ် ၂ သင်တန်းဆင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် Buffalo Soldiers Freedom Force ရဲ့ မြို့ပြစစ်ဆင်ရေးအထူးပြောက်ကျားအဖွဲ့ အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို တပ်ဖွဲ့ရဲ့စခန်းမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လကြာမြင့်ခဲ့ကာ ယမန်နေ့ မေလ ၂၀ ရက်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ Buffalo Soldiers Freedom Force  သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သင်တန်းအတွင်းမှာ ရဲဘော်တွေကို မြို့ပြစစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စစ်ရေးပိုင်းနဲ့ပတ်သက်တာတွေ သင်ပြနိုင်ခဲ့ပြီး အာရက္ခတပ်တော်( Arakan Army)မှာ သင်တန်းတက်ရောက်ထားတဲ့သူတွေက ပြန်လည်သင်ကြားပို့ချပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တက်ရောက်ခဲ့တဲ့ သင်တန်းသား ၃၀ ဦးထဲမှ ၅ ဦးကို အောင်စစ်သည်ဆု၊ စစ်ရေးပြအကောင်းဆုံဆု၊ အမိန့်နာခံဆုတို့ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10