CAF အဖွဲ့ရဲ့ လက်နက်ထုတ်စခန်း မီးလောင်လို့ ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဆုံးရှုံး

CAF အဖွဲ့ရဲ့ လက်နက်ထုတ်စခန်း မီးလောင်လို့ ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဆုံးရှုံး

စစ်ကိုင်းတိုင်းအတွင်း ခြေကုပ်ယူပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ခဲ့တာကြောင့် ကျပ်သိန်း ၃၅၀ ကျော် ဆုံးရှုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းမှာ ရဲဘော်တွေက လက်နက်ထုတ်လုပ်ဖို့ ဂဟေဆော်နေချိန် မီးပွားက ဂက်စ်အိုးပေါ်ကျပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"မီးလောင်သွားတာက ပင်မထုတ်လုပ်ရေး အမှတ် ၁ ပါ။ မီးလောင်တဲ့အချိန်မှာ ရေကလည်း အရန်သင့်မရှိနေတော့ မီးငြှိမ်းသတ်ဖို့ခက်သွားလို့ ဆုံးရှုံးမှုကြီးသွားတာ။ မီးက ၄၅ မိနစ်လောက် လောင်သွားတာ။ ကံကောင်းတာက သိုလှောင်ထားတဲ့ ဓာတ်ဆီတွေ မီးမလောင်သွားတာပဲ"လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force )မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မီးလောင်လို့ ယမ်း၊ တွင်ခုံ၊ မော်တာ၊ လုပ်လက်စသေနတ် ၃၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ရဲဘော်တွေတော့ ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ အထက်ပါ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။ 

ပြည်သူ့ငွေနဲ့ လုပ်ဆောင်ထားတဲ့ လက်နက်တွေအပါအဝင် ပစ္စည်းတွေ ဆုံးရှုံးသွားလို့ ပြည်သူတွေကို တောင်းပန်ကြောင်းနဲ့ ပြည်သူတွေဘက်က နိုင်သလောက် ကူညီပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂၊ တပ်ရင်း ၃၊ နဲ့ တပ်ရင်း ၄ အနေနဲ့ မုံရွာခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၁၂၀ ကျော် ဆင်နွှဲထားနိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #CAF #စခန်းမီးလောင် #လက်နက်ခဲယမ်းပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10