CDF-KKG တပ်ရင်း (၆) ရဲဘော်တွေရဲ့ ခရစ္စမတ်ပွဲ

CDF-KKG တပ်ရင်း (၆) ရဲဘော်တွေရဲ့ ခရစ္စမတ်ပွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် Chinland Defense Force - Kalay Kabaw Gangaw တပ်ရင်း (၆) မှာ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ရဲဘော်တွေအတွက် ခရစ္စမတ်ပွဲ ကျင်းပပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

တပ်ရင်းကရဲဘော်တွေအနေနဲ့ ၎င်းတို့ရဲ့နေအိမ်ကို ပြန်ချင်ကြပေမယ့် ပြန်ခွင့်မရှိတာကြောင့် ရဲဘော်တွေရဲ့ အိမ်လွမ်းတဲ့စိတ်ပြေပျောက်ဖို့နဲ့ ခဏတာပျော်ရွှင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

ဒီပွဲကို ရဲဘော်တွေနဲ့ ပြည်သူ ၁၀၀ ဝန်းကျင်လောက် ပူးပေါင်းကျင်းပခဲ့ကြတာဖြစ်ပြီး ပြည်သူတွေက ရဲဘော်တွေကို လက်ဆောင်ပေးတာ၊ သီးချင်းသီဆို ကခုန်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက်မှာလည်း CDF - KKG တပ်ရင်း (၄)ရဲ့ တပ်ခွဲ (၂)နဲ့ တပ်ခွဲ (၃)တို့မှာ ခရစ္စမတ်ပွဲကို ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #CDFKKG #ခရစ်စမတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10