သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ကလေး-ကဘော်-ဂန့်ဂေါမြို့ နယ်အခြေစိုက် Chinland Defense Force - Kalay Kabaw Gangaw ရဲ့ ရဲဘော် ၁၃ ဦးပါ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခြေခံစစ်သင်တန်းကို CDF - KKGရဲ့ တပ်ရင်း ၂ မှာ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်အထိ လေ့ကျင့်သင်ကြားပေးခဲ့ကာ ဇန်နဝါရီ ၁၉ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ Chinland Defense Force - Kalay Kabaw Gangaw သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သင်တန်းမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦးတက်ရောက်ခဲ့ပြီး အခြေခံစစ်ပညာတွေကို သင်တန်းသားအားလုံး တက်ရောက်အောင်မြင်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ စံပြဆု ၊ လက်ဖြောင့်ဆု ၊ ဇွဲဆု၊ စစ်ရေးပြအလှဆုံးဆု စတာတွေ ချီးမြှင့်ခဲ့ပြီး ဇွဲဆုကို အမျိုးသမီးရဲဘော် ၁ ဦးရရှိကာ ကျန်ဆုတွေကိုတော့ အမျိုးသားရဲဘော်တွေက ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို CDF - KKG ဒု စစ်ဦးစီးချုပ်အပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ပြီး ပွဲကို ၂ နာရီကြာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ပုံစာ - CDF - KKG အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မကွေး #CDFKKG #အခြေခံစစ်ပညာသင်တန်း #သင်တန်းစဆင်းပွဲ
Share Share Share