CDF - KKG ရဲ့ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ (Reels)

မကွေးတိုင်း၊ ကလေး-ကဘော်-ဂန့်ဂေါမြို့ နယ်အခြေစိုက် Chinland Defense Force - Kalay Kabaw Gangaw ရဲ့ ရဲဘော် ၁၃ ဦးပါ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

အခြေခံစစ်သင်တန်းကို CDF - KKGရဲ့ တပ်ရင်း ၂ မှာ ၂၀၂၄  ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၂၅  ဇန်နဝါရီ ၁၈ ရက်အထိ လေ့ကျင့်သင်ကြားပေးခဲ့ကာ ဇန်နဝါရီ ၁၉ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ Chinland Defense Force - Kalay Kabaw Gangaw သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သင်တန်းမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦးတက်ရောက်ခဲ့ပြီး အခြေခံစစ်ပညာတွေကို သင်တန်းသားအားလုံး တက်ရောက်အောင်မြင်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ စံပြဆု ၊ လက်ဖြောင့်ဆု ၊ ဇွဲဆု၊ စစ်ရေးပြအလှဆုံးဆု စတာတွေ ချီးမြှင့်ခဲ့ပြီး ဇွဲဆုကို အမျိုးသမီးရဲဘော် ၁ ဦးရရှိကာ ကျန်ဆုတွေကိုတော့ အမျိုးသားရဲဘော်တွေက ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ 

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို CDF - KKG ဒု စစ်ဦးစီးချုပ်အပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ပြီး ပွဲကို ၂ နာရီကြာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စာတည်း - ကိုချမ်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#မကွေး #CDFKKG #အခြေခံစစ်ပညာသင်တန်း #သင်တန်းစဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10