သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ အမှတ် ၅ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၉ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ သင်တန်းသားအင်အား အမျိုးသား ၂၇ ဦးနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းတပ်ဖွဲ့ဝင်အသစ်တွေမှာ စလင်းမြို့နယ် စစ်ကောင်စီလက်အောက်စာသင်ကျောင်းတွေကနေ CDM ပြုလုပ်ထားတဲ့ ကျောင်းသားအများစုပါဝင်တယ်လို့ ဆိုပါတယ်။
“ ရောက်လာတာကတော့ လူငယ်ပိုင်းတွေချည်းပဲ၊ ကျောင်းသားတွေများတယ်။ သူတို့က နဂိုကတည်းက CDM လုပ်ထားတဲ့ ကျောင်းသားတွေပါ။ ” လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ JOKER က မြေလတ်အသံကို ပြောပါတယ်။
သင်တန်းကာလ ၁ တာမှာ တိုက်ပွဲအတွင်းတိုက်ခိုက်ရေးပိုင်းကို အဓိကသင်ကြားပေးခဲ့ပြီး သင်တန်းဆင်းတပ်ဖွဲ့ဝင်အသစ်တွေကို လက်နက်တပ်ဆင်ပေးနိုင်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
“ သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေကို ဆုချီးမြှင့်ပေးတာတွေ ထွေထွေထူးထူးမလုပ်ပေးနိုင်ခဲ့ဘူး။ တပ်ရင်းရဲ့ လည်ပတ်နေရတဲ့အခြေအနေကြောင့်ပါ၊ သင်တန်းဆင်းပွဲပြီးတော့ ၁ ရက်တာလွတ်လပ်ခွင့် ပေးခဲ့တယ်။”လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဟာ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး ၊ ပွင့်ဖြူ ၊ စလင်းစတဲ့ဒေသနယ်မြေတွေမှာ အခြေပြုလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မင်းဘူး #မင်းဘူးခရိုင်အမှတ်၅တပ်ရင်း #စစ်သင်တန်း #သင်တန်းဆင်းပွဲ
Share Share Share