CDM တပ်ကြပ်ကြီး/စာရေး ပြောပြတဲ့ နေပြည်တော် စစ်ရုံးအကြောင်း (အင်တာဗျူး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုံးထိုင်တဲ့ နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံးက တပ်ကြပ်ကြီး/စာရေးတဦးဟာ အခုနှစ် ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြည့်သူ့ဘက်ကိုရပ်တည်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။

CDM တပ်ကြပ်ကြီး/စာရေး ဟာ နေပြည်တော်၊ ကက(ကြည်း) စစ်ရုံး ၁၄ ရုံးအနက်က စစ်ရုံးချုပ် ၁ ခုမှာ ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ပြည်သူ့ဘက် ခိုလှုံလာတာဖြစ်ပြီး လုံခြုံရေးအခြေအနေတွေအရ သူ့ရဲ့အမည်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ရုံးအမှတ်၊ စစ်ရုံးအမည်တို့ကို ထည့်သွင်းမဖော်ပြဖို့ သူက တောင်းဆိုထားပါတယ်။

စစ်မှုထမ်းသက် ၁၀ နှစ်ကျော်ရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းဆင်း CDM တပ်ကြပ်ကြီးဟာ မူလက တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းက ခြေလျင်၊ခြေမြန်တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်နေရာကနေ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အစောပိုင်းမှာပဲ နေပြည်တော်၊စစ်ရုံးကို ပြောင်းရွှေ့ ရောက်ရှိလာတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်ဘက်အရာရှိကြီးတွေ ရုံးထိုင်ကွပ်ကဲတဲ့နေရာမှာ ၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူ CDM တပ်ကြပ်ကြီး ကြုံတွေ့ခဲ့ရတဲ့ စစ်ရုံးအတွင်း အခြေအနေတချို့ကို မြေလတ်အသံက မေးမြန်းထားပါတယ်။

#မြေလတ်အသံ

#နေပြည်တော် #စစ်ရုံးချုပ် #CDM #တပ်ကြပ်ကြီးစာရေး #အင်တာဗျူး #ပြည်သူ့ရင်ခွင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10