CDSOM စခန်းကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြန်တိုက်ခိုက်ခံရလို့ သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ CDSOM စခန်းတခုကို စစ်ကောင်စီက မေ ၂၃ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြန်လည်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့ သိရပါတယ်။

မေ ၂၃ ရက်နဲ့ မေ ၂၄ ရက် ၂ ရက်ဆက်တိုက် မြင်းမူနယ်က ထွက်လာတဲ့ အင်အား ၇၅ ယောက်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းလွှတ်တင်ချိန် ပြန်ပျက်ကျလို့ သေဆုံး ဒဏ်ရာရမှုများနိုင်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ဆိုပါတယ်။

မေ ၂၃ ရက် ညနေ ၅နာရီမှာ လေကြောင်းနဲ့ ၈ ကြိမ်ခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ခတ်ချိန် စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရစစ်သားတွေကို ကယ်ထုတ်ကာ ညတွင်းချင်း ချောင်းဦးမြို့နယ်က နတ်ရေကန်ကျေးရွာစခန်းကို ပြန်ဆုတ်ခွာသွားတယ်လို့ ပြောပါတယ်။

မေ ၂၄ ရက် မနက်အစောပိုင်းမှာ နတ်ရေကန်ကျေးရွာ စခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး ဒဏ်ရာရ တပ်သား ၃၀ ကျော်ကိုလည်း ချောင်းဦးဘက်မှာ ဆေးကုသပေးနေတယ်လို့ CDSOM အဖွဲ့တာဝန်ခံ ဆက်ပြောပါတယ်။

ရဲဘော်တွေဘက်ကလည်း CDSOM အဖွဲ့က ရဲဘော်၂ ယောက်၊ မြောင်ပလဖက ရဲဘော် ၁ ယောက်၊ မြင်းခြံ PDF တလုပ်အဖွဲ့က ရဲဘော် ၁ ယောက် စုစုပေါင်း ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM၊ ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့၊ အညာမြေအဖွဲ့ ကျောက်ပန်းတောင်း၊ PDF တလုပ်၊ ပြောက်ကျားလင်းယုန်အဖွဲ့၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 003၊ တိုက်နယ်တပ်ပေါင်းစုအဖွဲ့၊ Heroအဖွဲ့၊ မြို့နယ်ပကဖအဖွဲ့၊ ဗိုလ်စားဖိုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #CDSOMစခန်း #လေကြောင်းပစ်ကူ #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10